Monday, June 13, 2016

ဘယ်သူတွေ ပျက်သလဲ

ဘယ်သူတွေ ပျက်သလဲ
----------------------------
နံက်ပိုင်းမိုးရွာတာ
လူတွေသီလပျက်လို့ တဲ့
နေ့ လည်ပိုင်း မိုးရွာတာက
အုပ်ချုပ်သူတွေ သီလပျက်လို့ တဲ့
ညနေပိုင်းမိုးရွာတာက
ရဟန်းတွေသီလပျက်လို့ တဲ့
မိုးဥတုမှာ မိုးမှန်တယ်ဆိုတာ ဆယ်ရက်တကြိမ်
ဆယ့်ငါးရက်တကြိမ်ပဲ ရွာလေ့ရှိပြီး
ရွာတဲ့အခါမှာလည်း လုပ်ငန်းလုပ်နေတဲ့
နေ့ ဘက်မှာ မရွာပဲ လူတွေအိပ်နေတဲ့အချိန်
ညဘက်မှာ ပဲ ရွာလေ့ရှိတယ် တဲ့
တိုင်းပြည်တပြည်မှာ လူတွေ ဘုရင်တွေ ရဟန်းတော်တွေ ကိုယ်ကျင့်သီလကောင်းမွန်ပြီး
ရာသီဥတုမဖေါက်မပြန်ဘူးဆိုရင်
ပြည်သူတွေဟာ ကပ်သုံးပါးကို ကျော်လွန်နိုင်ပြီး
တိုင်းပြည်အေးချမ်းသာယာသတဲ့
အခု
တိုင်းပြည်မှာ ကပ်သုံးပါးဘေးရော
ရန်သူမျိုးငါးပါးဘေးရော ဆိုက်နေတာဟာ
ဘယ်သူတွေသီလပိုပျက်သလဲဆိုတာကို
မိုးရွာတာစောင့်ကြည့်ပြီး သုတေသန လုပ်သင့်တယ်ထင်တယ်
သူ့ လွဲချ ငါ့လွဲချ နဲ့ 
အဖြေမပေါ်ဘူး ဖြစ်နေလို့ 

 

No comments:

Post a Comment