-----------------
နတ်သက်ကုန်တော့မဲ့ နတ်သားနှစ်ပါးဟာ
ဘယ်ဘဝရောက်မလဲလို့ ကြည့်တော့ တပါးက
ကျီးကန်းဖြစ်ပြီး တပါးက လောက်ဖြစ်မှာကို
တွေ့ ခဲ့ကြတယ် အဲဒီတော့ လောက်ဖြစ်မဲ့
နတ်သားက ကျီးကန်းဖြစ်မဲ့နတ်သားကို
သူ့ ကိုလာပြီး ထိုးစိတ်သတ်ဖို့ တောင်းဆိုတော့
ကျီးကန်းကလည်း ကတိပေးလိုက်တယ်
ဒီလိုနဲ့ ဆိုင်ရာဘဝတွေဆီကို ရောက်သွားကြတယ်
ကိုယ့်ဘဝနဲ့ ကိုပျော်ရွှင်နေကြပြီး အတော်ကြာလာ
တော့မှ ကျီးကန်းက သတိယပြီး ထိုးဆိတ်သတ်ဖို့ 
လောက်ဆီကိုသွားတဲ့အခါမှာ လောက်ကပြောတယ်
မိတ်ဆွေကျီးကန်း ကျွန်ုပ်ကိုသတ်စရာမလိုတော့ပါဘူး
ကွန်ုပ်သေလည်းမသေချင်တော့ပါဘူး
အခု မစင်တွင်းထဲမှာပဲ ကျွန်ုပ်ပျော်နေလို့ ပါ လို
ပြန်ပြောခဲ့ပါတယ်
ဒါဟာ ပုံပြင်မဟုတ်ပါဘူး
တရားတော်ထဲမှာပါတဲ့ ဝတ္တုတပုဒ်ပါ
ကျွန်တော်တို့ တတွေဟာ ဘယ်နေရာဒေသပဲ
ရောက်ရောက် ဘယ်လောက်ခောတ်မှီတဲ့
နေရာမှာပဲနေ နေရပါစေ ကျွန်တော်တို့ ရဲ့
ဇာတိနေရာဒေသလေးတွေနဲ့ မလဲနိုင်တာဟာ
ကိုယ့်ဘဝရဲ့ အစွဲအလန်းလေးတွေပါပဲ
အဲဒီတဏှာဆိုတဲီ့အစွဲအလန်းတွေကို ပယ်ဖျောက်ဖို့ 
ကျွန်တော်တို့ တတွေဟာ ကိုယ့်ဘဝကို ကိုယ်
ညည်းငွေ့ တဲ့အထိတော့ ဝိပဿနာတရားကို
ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ရပါလိမ့်မယ်
နမ္ဗိဒါ ဆိုတဲ့ ညည်းငွေ့ တဲ့ဥာဏ်မရမချင်း
ကျွန်တော်တို့ တတွေလည်း တနေ့ နေ့ မှာ
မစင်တွင်းထဲမှာ ပျော်နေရမှာပါ
ဒါ့ကြောင့်
ကိုယ့်ဘဝကို ကိုယ်ြီငီးငွေ့ ဖို့ အတွက်
ဝိပဿနာတရားတွေ ထိုင်ကြပါလို့ ----
No comments:
Post a Comment