------------------------------
သြော် - - - မင်းသား မင်းသမီး တွေ သရုပ်ဆောင်တွေ သေတဲ့အခါ သူတို အချင်းချင်း
အသုဘ လိုက်ပို့ ပြီး ငိုကြ ယိုကြတယ်
ဇာတ်လမ်းတွေထဲမှာ ငိုနေကြတာတွေ
သရုပ်ဆောင်တာတွေ
တွေ့ ဘူးထားတော့လည်း
သူတို့ ငိုတာ မဆန်းသလိုပါပဲ
သူတို့ ကတော့ သရုပ်ဆောင်တာ မဟုတ်တဲ့
အတွက် တကယ်ပဲ ဝမ်းနည်းပြီး ငိုနေကြတာပါ
တကယ်တော့ သူတို့  အခု ငိုနေကြတာတွေဟာလည်း သရုပ်ဆောင်နေကြ
တာပါပဲဆိုတာ သူတို့ တွေကိုယ်တိုင် သိသင့်ပါတယ်
ဘဝတစ်ခုအတွက် တစ်ဘဝစာအတွက်တော့
ဇာတ်လမ်းထဲမှာငိုတာက သရုပ်ဆောင်တာဖြစ်ပြီး
သေလို့ ငိုတဲ့အခါကတော့ တကယ်ငိုတယ်ပေါ့
သံသရာနဲ့ ယှဉ်လိုက်တဲ့အခါ ကျတော့မှ
အခုတကယ်သေလို့ ငိုတယ်ဆိုတာတွေဟာလည်း
ဇာတ်ဝင်ခန်းတခန်းစာ ငိုယိုမှု့တွေဆိုတာ
သဘောပေါက်နိုင်ကြလိမ့်မယ်
ဗုဒ္ဓက သတ္တဝါတဦး သံသရာမှာ ကျခဲ့တဲ့မျက်ရည်တွေက သမုဒ္ဒရာလေးစင်းထဲက
ရေထက်များတယ် တဲ့
အခု ဆွေမျိုးသားချင်းတွေ သူငယ်ချင်းအပေါင်းအသင်းတွေသေလို့  ငိုယိုကြတယ်ဆိုတာ တွေဟာ မျက်ရည်နည်းနည်း
လေးပါပဲ နောက်ထပ် သံသရာမှာ ခုလို အပူတွေကြောင့် ထပ်ထပ်ပြီး ငိုနေကြရဦးမှာပါ
အနည်းဆုံးတော့ အနာဂါမ်မဖြစ်မချင်း ငိုနေကြရဦးမှာပါ သောတာပန်တို့  တောင်
ရှိုက်ကြီးတငင် ငိုကြွေးသတဲ့
ကဲ
ဒါဆိုရင်
အခု သေလို့ ငိုကြတယ်ဆိုတာ ဘဝတစ်ခုရဲ့ ဇာတ်ခုံပေါ်က ဇာတ်ကွက်တခုပါပဲဆိုတာ
သေချာပါတယ်
ဒီဘဝသေဆုံးပြီး နောက်ထပ်ဘဝတွေ ဘဝတွေမှာ ဒီထက်ပူလောင်တဲ့အပူမျိုးတွေနဲ့ 
သရုပ်ဆောင်နေကြရဦးမယ်ဆိုတာကို
ဥာဏ်မျက်စိနဲ့ မြင်အောင်ကြည့်နိုင်ကြမယ်ဆိုရင်
မင်းသား မင်းသမီး အဖြစ် သံသရာဇာတ်ခုံကြီးပေါ်မှာ သရုပ်ဆောင်နေကြသူတွအားလုံး
ဘာလုပ်သင့်တယ် လို့  ထင်ပါသလဲ ?
သရုပ်ဆောင်ဘဝကနေ
အပြီးလွတ်ချင်တယ် ဆိုရင်တော့ဖြင့်
ဝိပဿနာ တရားကို
မထိုင်ချင်လည်း ထိုင်ပါ
ထိုင်ချင်လည်း
ထိုင်ပါလို့ 
သတိပေးပါရစေ
ဦးမြင့်ခိုင်သရုပ်ဆောင်တာတွေ

No comments:
Post a Comment