Tuesday, June 21, 2016

ဘာသံကြားလည်းဟေ့

ဘာသံကြားလည်းဟေ့
------------------------
ဘရုနိုင်းနိုင်ငံက ခရစ်စမတ်ပွဲကျင်းပတဲ့သူ
ထောင်ဒဏ် တဲ့
ဒါက သူ့ နိုင်ငံ သူ့ ဘာသာရေးနဲ့  သူ့ ပြည်သူတွေ
ကျေနပ်အောင်လုပ်ပေးတာ ဘာမှမပြောလိုဘူး

ဥရောပနိုင်ငံကြီးအချို့မှာလည်း ခေါင်းမြီးမခြုံရ
တဲ့နိုင်ငံရှိတယ်
သူတို့ မကြိုက်တဲ့ ဘာသာရေး
အဆောက်အဦးတွေကို ပိတ်ပင်တဲ့ နိုင်ငံရှိတယ်
ကျောင်းတွေမှာ ခေါင်းမြီးမခြုံရတဲ့ နိုင်ငံရှိတယ်
အို - - -
စုံနေတာပါပဲ
ဒါလည်း သူ့ နိုင်ငံနဲ့  သူ့ ပြည်သူတွေ လက်မခံလို့ ကာကွယ်တာ ကာကွယ်ပိုင်ခွင့်ရှိတယ်
ဒါလည်း မထူးဆန်းဘူး
အချို့နိုင်ငံတွေမှာ ဘာသာခြားနဲ့ ယူရင် သေဒဏ်
ကျခံရတဲ့အထိ ဥပဒေ တွေထုတ်ထားတယ်
ဒါလည်း မထူးဆန်းဘူး သူတို့ ဘာသာရေးအယူနဲ့ 
သူတို့  ထိမ်းချုပ်တာ မပြောလိုဘူး
ကိုယ့် နိုင်ငံကျမှပဲ
လက်တဆုပ်စာ ဗုဒ္ဓဘာသာလေး ကွယ်ပျောက်မှာ
စိုးလို့  ရဟန်းတော်တွေရော မျိုးချစ်စိတ်ရှိသူတွေပါ ဖျစ်ညှစ်ပြီး ကာကွယ်နေရတာ ဘာသာမပျောက်အောင်
ရဟန်းအလုပ်တောင်မလုပ်နိုင်ပဲ အမုန်းခံပြီး
ကာကွယ်နေရတာ
လေးအသင်္ချေကမ္ဘာတသိန်းပေးဆပ်ခဲ့ရတဲ့
ဘုရားရှင်ရဲ့ကျေးဇူးကို သိလို့  အသက်ပေးပြီး
စောင့်ရှောက်နေရတာ
အင်အားကြီးတဲ့နိုင်ငံတွေ ပိတ်ပင်တော့
ကမ္ဘာ့အဖွဲအစည်းကြီးတွေက ဘာပြောသံမှမကြားဘူး
ပြောလည်း
အဲဒီနိုင်ငံတွေက သူတို့ အမျိုးသားရေးနဲ့ သူတို့ 
ဇွတ်လုပ်မှာပဲ
မြန်မာနိုင်ငံကျမှပဲ
လူ့ အခွင့်အရေး တဲ့
တခြားနိုင်ငံတွေကျမပြောပဲ
မြန်မာနိုင်ငံကျမှ လာပြောနေတာကတော့
သူတို့ ကိုယ်တိုင် လူ့ အခွင့်အရေး ချိုးဖေါက်
နေသလိုပဲ
ဆရာတော်ကြီး ဦးဥာဏိဿရ ပြောသလိုပါပဲ
ဗုဒ္ဓဘာသာတွေပြောရင်
အကုန်နားပင်းနေတယ်
တခြားဘာသာတွေပြောရင်
တကမ္ဘာလုံး အုံးအုံးကြွက်ကြွက်ကို ထလို့ 
ငွေနဲ့ ပေါက်ထားတဲ့ သူတင်းဋ္ဌာနတွေ
ကြီးစိုးနေသ၍တော့
အမျိုးသားရေးခေါင်းစဉ်နဲ့  လှုပ်ရှားနေသူတွေ
အမုန်းခံရလိမ့်ဦးမယ် ထင် တယ်
ဦးမြင့်ခိုင်

No comments:

Post a Comment