-------------------
လောကဓံတရား ရှစ်ပါးအနက်က အဆိုးလောကဓံ
လေးပါးကို ရင်ဆိုင်ကြုံတွေ့ ရတဲ့အခါမှာ
အထူးသတိထားရပါတယ်
သာမန်အချိန်မျိုးမှာ သာမန်ဆိုးတာလောက်သာ
ကြုံတွေ့ ကြရပေမဲ့ ခေတ်ဆိုးခေတ်ပျက်ကြုံတွေ့ 
နေရတဲ့ ခုလိုအချိန်မျိုးမှာတော့ ဆိုးရွားတဲ့
လောကဓံတွေဟာ မကြာခဏ ဆိုသလို ဝင်ရောက်အကျိးပေးတတ်ပါတယ်
တသံသရာလုံးက မကောင်းမှု့တွေဟာ
ခေတ်ဆိုးခေတ်ပျက်အချိန်မှာ ဝင်ရောက်အကျိုး
ပေးတတ်တယ်လို့  ဘုရားရှင်ဟောကြားထားတဲ့
အတွက် ခုလိုမျိုးအချိန်မှာ သာမန်ထက်ကိုပိုပြီး
ဂရုစိုက်ရပါလိမ့်မယ်
မိနိနဲ့ ပါတ်သတ်ဆက်နွယ်သမျှ လုမှု့ရေး
စီးပွားရေး အစရှိတဲ့ အရာအားလုံးဟာလည်း
ကောင်းတာတွေ အနည်းငယ်လောက်သာ
တွေ့ ရပြီး ဒေါသထွက်စရာအာရုံများသာ ပိုမိုရင်ဆိုင်ရတတ်တာမို့ 
ဓမ္မမိတ်ဆွေများ
ခုလိုအချိန်အခါမျိုးမှာ
သာမန်ထက်ပိုပြီး
အပြောအဆို
အသွားအလာ
အနေအထိုင် ဆင်ခြင်ကြပါ
ဘုရားတရားကို
သာမန်ထက်ပိုပြီး
ပြုလုပ်ကြပါလို့ 
သတိပေးပါရစေ

No comments:
Post a Comment