------------------------------
မြင်းထိန်းသည်တဦးက ဘုရားရှင်ကို လျှောက်တယ် အရှင်ဘုရားတပည့်ရဟန်းတွေကို
ဘဟ်လိုများဆုံးမပါသလဲဘုရား ဆိုတော့
ဘုရားရှင်ကပြန်မေးတယ် မင်းမြင်းတွေကိုကော
ဘယ်လိုဆုံးမလဲတဲ့
မြင်းထိန်းသည်က အုပ်စု လေးစု ခွဲပြီးဆုံးမပါတယ်
ဘုရားတဲ့ ချော့တယ် ခြောက်တယ် ရိုက်တယ်
အဲဒီသုံးခုနဲ့  မရရင်တော့သတ်ပစ်လိုက်ပါတယ်တဲ့
ဗုဒ္ဓကလည် ငါဘုရားရှင်လည်းအတူတူပဲတဲ့
အကျိုးအပြစ်ပြပြီးဆုံးမတယ်
အဲဒါနဲ့ မရ ရင် တုစ္ဆ မောဃပုရိဿ (အလကား အချည်းနှီး ) စသဖြင့်နာအောင်ပြောပြီးဆုံးမတယ်
အဲဒါမျိုးမှမရသေးရင် ကြမ်းကြမ်းတမ်းတမ်းတန်ခိုး
ပြပြီးဆုံးမသင့်ရင် ဆုံးမတယ် အဲဒါနဲ့ မှ မရဘူးဆို
ရင်တော့ ငါဘုရားရှင်လည်း သတ်ပစ်လိုက်တာ
ပဲတဲ့ ဒါပေမဲ့ ငါဘုရားရှင်သတ်တယ်ဆိုတာကတော့ ဘာမှ
မပြောပဲ ဥပေက္ခာပြု လိုက်တာတဲ့
လူအမျိုးမျိုးရှိတဲ့အတွက် ဆုံမပုံကိုလည်း ပုံသဏ္ဌာန်အမျိုးမျိုးနဲ့  ဆုံးမရတာပါပဲ
သင်္ကြန်မှာ အကျိုးအပြစ်တွေ ပြပြီးဆုံးမတော့
ပထမအုပ်စုက တရားစခန်းဝင်ကြတာတွေ့ ရတယ်
ဒုတိယအုပ်စုကတော့ မလည်တော့ပဲနဲ့  အိမ်မှာပဲ
ဥပုဒ်စောင့် အနားယူး လုပ်ကြတယ်
တတိယအုပ်စုကတော့ လည်ဖို့ ပြင်ဆင်နေကြပြီ
သူတို့ က အကုသိုလ်ရဲ့ ဆိုးကျိုးထဲမှာ ပါရင်ပါမယ်
မပါရင်မပါဘူး ဒါပေမဲ့ အကုသိုလ်ကတော့
အနည်းနဲ့ အများတော့ တတ်မယ်
စတုတ္တအုပ်စုကတော့ သောက်စားမူးယစ်ဖို့ 
တာဆူနေကြပြီ အကုသိုလ်အကြီးစားကြီးတွေ
တက်ဖို့ သေချာသလောက်ဖြသ်နေပြီ အခန့် မသင့်ရင် အသက်ပါပေးဆပ် ရနိုင်တယ်
ကုသိုလ်မလိုချင်တဲ့အပြင် အကုသိုလ်ကိုလည်း
မကြောက်တော့ဘူး
ကဲ
မိတ်ဆွေတို့ လည်း
နံပါတ်စဉ်ဘယ်လောက်လည်းဆိုတာ
ကိုယ့်ဖာကိုပေးကြတော့
နံပါတ် ၄ အုပ်စုထဲမှာ
မပါ ပါစေနဲ့ လို့ တော့
ဆုတောင်းပေးလိုက်ပါရဲ့

No comments:
Post a Comment