Friday, June 17, 2016

တခုခုတော့ ပေးကြပါ

တခုခုတော့ ပေးကြပါ
------------------------
နွေ
နေလေးနည်းနည်းပူလာတာနဲ့  ပူလိုက်တာပူလိုက်တာဆိုပြီး လူတွေညည်းနေကြချိန်မှာသူတို့ တွေမှာတော့ ခေါင်းဆောင်းမပါ
ဖိနပ်မပါပဲရပ်ကွက်တကာ လှည့်ပြီး လမ်းလျှောက်နေရတယ်။
မိုး
မိုးတွေသည်းကြီးမဲကြီး ရွာနေတဲ့ အချိန်တွေဆိုရင်လူတွေက အပြင်ကို မထွက်တတ်ကြဘူး ထွက်ခဲ့ရင်လည်း ခေါင်းဆောင်းပြီးမှထွက်ကြတယ်
သူတို့ လေးတွေမှာတော့ မိုးဘယ်လောက်ပဲရွာရွာထီးမပါ ဖိနပ်မပါပဲ မိုးတွေစိုရွဲပြီး ရပ်ကွက်တကာလှည့်နေရပြန်တယ်။
ဆောင်း
မနက်အစောကြီး အေးလွန်းလို့  အိပ်ယာထဲမှာစောင်အထပ်ထပ်နဲ့  ကွေးနေချိန်မှာ သူတို့ လေးတွေကတော့ အနွေးထည်မပါ ဖိနပ်မပါ ခေါင်းဆောင်းမပါပဲ စောစောစီးစီး ရပ်ကွက်တကာလှည့်ပြီး လမ်းလျှောက်နေရပြန်ပါတယ်။
နွေ မိုး ဆောင်း သုံးရာသီစလုံး နေ့ စဉ်အဲဒီလိုလမ်းလျှောက်နေကြရတာ။
ငယ်ရွယ်တဲ့ ခလေးအရွယ်မို့  လမ်းသွားရင်း ခလေးတွေဆော့နေတာတွေ့ တဲ့အခါ သူတို့ လေးတွေ ခြေလှမ်းတုန့် ခနဲ ရပ်ပြီး အခိုက်အတန့် တော့ ငေးကြည့်တတ်ကြပါတယ် ဒါပေမဲ့ ဆော့ဖို့ မပြောနဲ့  အကြာကြီးတောင် ငေးခွင့်မရှိတဲ့ ဘဝလေးတွေပါ။
ကစားစရာလေးတွေ တွေ့ တိုင်း စားချင်တာလေးတွေတွေ့ တိုင်း ကစားချင် စာချင်ပေမဲ့ သူတို့ မှာလက်တွေ့ အကောင်အထည်ဖေါ်ခွင့်မရှိပါဘူး။
သူတို့ နေတဲ့ဆီ ပြန်ရောက်တော့လည်းသင်လိုက်ရတဲ့စာတွေ ဖတ်လိုက်ရတဲ့စာတွေအများကြီးပါ စာတွေအံရလို့  ကျက်ရလို့  ဗိုက်ဆာလာရင်တောင် ညနေစာ စားခွင့်မရှိတဲ့
ဘဝပိုင်ရှင်လေးတွေပါ။
လူတွေက စားချင်တာစားလို့ ရတယ် အိပ်ချင်တဲ့အချိန်အိပ်လို့ ရတယ် ဆော့ချင်တဲ့အချိန် ဆော့လို့ ရတယ် သူတို့ မှာ စားသင့်တဲ့အချိန်စား
ရတယ်အိပ်ချင်လို့ လည်းမအိပ်ရ ဆော့ချင်လို့ လည်း
မဆော့ရတဲ့ ဘဝပိုင်ရှင်လေးတွေပါ။
သူတို့ လေးတွေလည်း မဆော့ချင် မစားချင်ဘူးလို့ တော့ မထင်လိုက်ပါနဲ့ 
ခလေးတွေမို့ ဆော့ချင် စားချင်တာပါပဲ။
လူ့ ဘဝရဲ့ပျော်ရွှင်ဖွယ်ရာမှန်သမျှ ဆန္ဒမှန်သမျှကိုငယ်ငယ်ရွယ်ရွယ်လေး
တွေနဲ့  ပင်ပမ်းကြီးစွာထိမ်းချုပ်နေကြရတာ ပျော်စရာမှန်သမျှ
လက်လွှတ်ဆုံးရှုံးနေကြရတာပါ။
ဘယ်လောက်ထိ ဒုက္ခရောက်ကြမလဲစဉ်းစားကြည့်ကြပေါ့..။
အဲဒါလိုတွေ ဒုက္ခခံနေကြရတာဟာ သူတို့ တွေ အလုပ်မရှိလို့ မဟုတ်
ပါဘူး။အားနေလို့ မဟုတ်ပါဘူးမခံစားချင်လို့ မဟုတ်ပါဘူး
ဘုရားရှင်ရဲ့ သာသနာတော်ကို ထမ်းရွက်မဲ့သူတွေမရှိလို့  ထမ်းရွက်နိုင်တဲ့သူတွေ နည်းနေလို့ ပေးဆပ်နေကြရတာပါ။
လူတွေကို နတ်ရွာ နိဗ္ဗါန် ပို့ ပေးဖို့ အတွက်ပေးဆပ်နေကြရတာပါ
လူတွေရဲ့ ကြီးကျယ်ခမ်းနားတဲ့ကျေးဇူးရှင်လေးတွေပါပဲ။
သူတို့ လေးတွေနဲ့  လူတွေဟာ လမ်းပေါ်မှာပဲဖြစ်ဖြစ် စားသောက် ဆိုင် တွေမှာပဲဖြစ်ဖြစ်ကိုယ့်အိမ်ရှေ့မှာပဲဖြစ်ဖြစ်မကြာခဏ ဆုံတတ်ကြပါတယ်။
အဲဒီအခါကျရင်သူတို့ လေးတွေကိုကန်တော့ဆွမ်းတော့မပေးမိကြပါစေနဲ
့နော်ငါတို့ သားလေးတွေသာဆိုရင် ဆိုတဲ့အတွေးလေးပေါ်ပြီး။
ကန်တော့ဆွမ်းအစားတခုခု ပေးနိုင်အောင်ကြိုးစားကြပါ လို့ 
မေတ္တာရပ်ခံပါရစေ..။

No comments:

Post a Comment