Wednesday, June 22, 2016

ဆရာတော်ကြီးတပါး လိုပြီ

ဆရာတော်ကြီးတပါး လိုပြီ
---------------------------
လယ်တီဆရာတော်ဘုရားကြီးကို ပိဋကတ်ပါရဂူ
ဟုတ်မဟုတ် အငြင်းပွားကြတဲ့အခါ လယ်တီဆရာ
တော်ဘုရားကြီးက အစစ်ဆေးခံဖို့ 
အတိုက်အခံ
သံဃာထုကို ပိဋကတ်သုံးပုံထဲက မိမိတို့ ကြိုက်
နှစ်သက်ရာကို မေးကြဆိုပြီ ပလ္လင်ပေါ်မှာ
ထိုင်နေတဲ့အချိန်

အဲဒီအချိန်မှာ မဏ္ဌပ်ထဲကို ဘယ်ကမှန်းမသိတဲ့
ထေရ်ကြီးဝါကြီးတပါးဝင်ရောက်လာခဲ့တယ်
ဝိနည်းဥပဒေအရ ဝါတော်ကြီးတဲ့မထေရ်ကြီးဖြစ်တဲ့အတွက်
လယ်တီဆရာတော်ဘုရားကြီးက ပလ္လင်ပေါ်ကနေ
ဆင်းပေးပြီး ဆရာတော်ကြီးကို ပလ္လင်ပေါ်ထိုင်စေ
ခဲ့တယ်
အဲဒီအခါ ဆရာတော်ကြီးက
ကဲကဲ ပဋိပက္ခမဖြစ်ကြနဲ့  ပိဋကတ်ပါရဂူဆိုသူ
ကလည်း မိမိတတ်သမျှကို သာံသာနာတော်အတွက်အသုံးချပြီး
သာသနာပြုရမယ်
အတိုက်အခံပါတီသံဃာတော်တွေကလည်း
ကိုယ်မသိသေးတာကို သိအောင်စာပေတွေ
လေ့လာသင်ယူပြီး ဗုဒ္ဓသာသနာတော်မြတ်ကြီး
အတွက် တိုးပွားအောင် ဆောင်ရွက်ကြရမယ် လို့ 
မိန့် ပြီး ပြန်ကြွသွားသတဲ့
အဲဒီလိုနဲ့ ပဲ သံဃာထု ကြားက ပဋိပက္ခလည်း
ပြေငြိမ်းသွားသတဲ့
တကယ်တော့
လူသင်းကွဲ သံဃာသင်းကွဲဘေးဆိုတာ
သာသနာကွယ်ဖို့ ကြီးမားသောအကြောင်းပါပဲ
မြန်မာနိုင်ငံမှာလည်း
အခု အဲဒီဘေး ဆိုက်နေပြီ
လူအချင်းချင်း သံဃာအချင်းချင်း
ကွဲပြားနေကြပြီ
သံဃာတော်တွေပါ ပါနေတဲ့အတွက်
တဘက်နဲ့ တဘက်စော်ကားမှု့တွေမှာ
အကုသိုလ် များစွာတတ်ကြရပါတယ်
ဒီအချိန်မှာ
လူသင်းကွဲဘေး
သံဃာသင်းကွဲဘေးကို
ကယ်တင်ဖို့ အတွက်
ဆရာတော်ကြီးတပါး အရေးတကြီး လိုနေပြီ
**********************************
ဓမ္မမိတ်ဆွေများ
မိမိတို့ ရဲ့ အပြောအဆိုကြောင့်
အကုသိုလ်မတက်ကြပါစေနှင့်
လူလူချင်း ပြောဆိုတာဝေဖန်တာက
ပြဿနာမဟုတ်ပေမဲ့
ရဟန်းသံဃာတော်တွေပါ ပါလာတဲံအတွက်
အစစအရာရာ ဂရုစိုက်ကြပါလို့ 
သတိပေးချင်ပါတယ်
 

No comments:

Post a Comment