Wednesday, June 22, 2016

ရဟန်းတပါး၏ ထိတ်လန့် မှု့

ရဟန်းတပါး၏ ထိတ်လန့် မှု့
----------------------------------
ယခင်က သံဃာတွေ တစ်နှစ်ငါးသောင်းခန့်
လူထွက်တယ် သံဃာတွေလျော့လာတယ်
ိနယ်မြို့စာသင်တိုက်တွေမှာ သံဃာမရှိတော့ဘူးလို့
ပါးစပ်ပြောနဲ့လဲကြားရ fbမှာလဲ တွေ့ရနဲ့
တွေ့ရကြားရပေမယ့် စိတ်ထဲမှာ ဘာမှ မဖြစ်သလိုပါပဲ

ဒီနေ့တော့ သူငယ်ချင်းတစ်ပါးနှင့်အတူ မော်လမြိုင်က ကျောင်းတိုက်တစ်တိုက်ရောက်ခါမှ
ကိုယ်တွေ့ကြုံပြီး ကြီးစွာထိတ်လန့်မိပါရဲ့
မိမိရောက်ရှိသော ကျောင်းတိုက်သည်
ယခင်က သံဃာ ရာနဲ့ချီရှိသော စာသင်တိုက်တစ်ခု
လွန်ခဲ့သော သုံးလေးနှစ်ခန့်ကမှ လျော့လျော့လာလိုက်တာ ဒီနှစ် သံဃာအရေအတွက် ဆရာတော်အပါအဝင်
လက်ဆယ်ချောင်းမပြည့်တော့ဘူး တဲ့
ကျောင်းတိုက်အဆောက်အဦးပြည့်စုံလွန်းသည်
ခံ့ငြားထည်ဝါသည်
သို့သော် နေမည့်သံဃာမရှိတော့
ကျောင်းကြီးအောက် ဝင်ကြည့်တော့
လူမနေသည့် ကုဋင် တွေက အပြည့်
လက်ချိုးရေတွက်ကြည့်တော့
ကုဋင် ၄၅ လုံး ရှိသည်
သို့သော် တစ်လုံးမှ နေမည့်သူမရှိ
သြော် တို့သာသနာတော်တော်လျော့သွားပါလား
တို့တွေ အလုပ်များများလုပ်ရတော့မယ်လို့
ခံယူမိပါသည်
ကုဋင်တွေကြည့် ကျောင်းဆောင်တွေကြည့်ပြီး
မိမိတော့ သွေးပျက်လုမတတ် ထိတ်လန့်မိသည်
ဒီရှေ့ တဖြုတ်ဖြုတ်ကြွေမှာတွေမြင်ယောင်မိသေးသည်
ဘယ်လိုကုစားကြမှာလဲ?
ဘယ်လိုအဖြေရှာကြမှာလဲ?
ပရိယ္တိကွယ်ရင် သာသနာ ကွယ်ပါပြီ
သာသနာကွယ်ရင်
အားလုံးအပါယ်ဆင်းကြရပါပြီ
အဓိက ကတော့
အုပ်ချုပ်သူတွေရော
ရဟန်းသံဃာတွေရော
တပည့်တွေရော
အားလုံးပေါင်းပြီး
ဖြေရှင်းမှ ရတော့ မှာမို့ 
အားလုံးပေါင်းပြီး
ဘုရားရှင်သာသနာတော်ကို
စောင့်ရှောက်ပေးကြပါလို့ 
ဆန္ဒပြုလိုက်ပါရစေ

 

No comments:

Post a Comment