Wednesday, June 15, 2016

ဇိမ် ခံမနေနဲ့

ဇိမ် ခံမနေနဲ့
................
မြန်မာနိုင်ငံမှာ ချမ်းသာကြတဲ့ သူဌေးတွေ အများကြီးပဲ။ ဒါပေမဲ့ မိမိရဲ့ ချမ်းသာမှုကို သာသနာတော် ထွန်းကားရေး အတွက်၊ တရားတော်တွေပြန့်ပွားရေးအတွက် အကျိုးရှိအောင် ဆောင်ရွက်ကြတာမျိုးတွေ အလွန်နည်းပါးကြတယ်။
အဲဒီလို ချမ်းသာတဲ့သူတွေကသာ သာသနာတော်ပြန့်ပွားရေးကို ပါဝင်ဆောင်ရွက်ကြမယ်ဆိုရင် သာသနာတော်ကြီး ပိုပြီး ပြန့်ပွားတိုးတတ်နိုင်ပါတယ်။
သူတို့တွေ ဒီလို ပါဝင်ဆောင်ရွက်မှု နည်းတာဟာလည်း ဘာသာတရားရဲ့ တန်ဖိုးကို ကောင်းကောင်းမသိကြလို့ပါ။
ဘာသာတရားရဲ့ တန်ဖိုးကို တကယ်သိကြတဲ့ သူတွေကတော့ ဆင်းရဲတဲ့ဘဝ ကနေ ရုန်းကန်ပြီး သာသနာတော်အတွက် မိမိဘဝကို ပေးဆပ်ပြီး တစိုက်မတ်မတ်လုပ်ဆောင်ကြတယ်။
မစိုးရိမ် ကျောင်းတိုက်ကြီးကို တည်ဆောက်ခဲ့တဲ့ ဦးကျော်နှင့် ဦးသက်ရှည်တို့ သားအဖဆို ကုန်စိမ်းထမ်းဘဝကနေ မူးစု၊ မက်စု စုပြီးတော့ သာသနာအတွက် တစ်စိုက်မက်မက် ထမ်းဆောင်သွားကြလို့ ဒီကနေ့ ကမ္ဘာ့ မှာ အကြီးကျယ်ဆုံး၊ ကြည်ညိုလေးစားစရာအကောင်းဆုံးအဖြစ် သာသနာအာဇာနည်ကောင်းများစွာကို မွေးထုတ်ပေးနေတယ်။
မဟာစည်ရိပ်သာကြီးကို တည်ထောင်သွားခဲ့တဲ့ ဆြာဦးသွင် ဆိုရင်လည်း ကို့ထူးကိုချွန်ဘဝကနေ ရုန်းကန်ပြီး သာသနာပြန့်ပွားရေးအတွက် တစ်စိုက်မက်မက် ထမ်းရွက်သွားခဲ့လို့၊
- အခု ကမ္ဘာမှာ မဟာစည်ဆိုပြီး ရိပ်သာခွဲ ပေါင်းမြောက်များစွာ ဖွင့်လှစ်ပြီး သာသနာပြန့်ပွားအောင် ဆောင်ရွက်နိုင်ခဲ့တယ်။
ကမ္ဘာ့ နိုင်ငံပေါင်းများစွာကို ဝိပဿနာတရားခန်းတွေအများကြီးဖွင့်ပြီး သာသနာပြုသွားတဲ့ မန္တလေးသားကြီး ဂုရုကြီးဦးဂိုအင်ဂါ ဆိုလည်း သူ့ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် အသိမ်းခံခဲ့ရတဲ့ဘဝကနေ ပြန်လည် ရုန်းကန်ကြိုးစားပြီး သာသနာပြုခဲ့တယ်။ သူ့ရဲ့ သာသနာပြုမှုကြောင့် ဘာသာခြားသား ဘာသာခြားတွေ သန်းနှင့်ချီပြီး ဗုဒ္ဓဘာသာကို ကူးပြောင်းလာကြတယ်။
ယခုဆို ကမ္ဘာ့ နိုင်ငံပေါင်းစုံက ဘာသာရေးခေါင်းဆောင်များကိုယ်တိုင် ဗုဒ္ဓဘာသာဟာ အကောင်းဆုံး၊ အမွန်မြတ်ဆုံး ဘာသာလို့ ထုတ်ပြန်ကြော်ညာထားကြပြီ။ ကမ္ဘာ့  နေရာ ဒေသအနှံ့မှာ ဗုဒ္ဓဘာသာခံယူပွဲတွေ မကြာခဏ ကူးပြောင်းနေကြပြီ။
အဲဒီလို မြင့်မြတ်တန်ဖိုးကြီးသော ကိုယ့်- ဘာသာ၊ သာသနာကို ကြီးပွား ပြန့်ပွားအောင် ဆောင်ရွက်ရာမှာ ချမ်းသာကြွယ်ဝသူများရဲ့ ပါဝင်စည်းလုံးမှု၊ ကူညီဆောင်မမှု တို့သည်လည်း အထူးလိုအပ်လှပါတယ်
ဒါ့ကြောင့် သာသနာတော် တိုးတတ်ပြန့်ပွားရေးအတွက် မြန်မာနိုင်ငံက သူဌေးတွေ " များများ" ပါဝင်ဆောင်ရွက်ကြပါလို့ တိုက်တွန်း နိုးဆော် လိုက်ပါတယ်

No comments:

Post a Comment