Friday, June 17, 2016

အတွေးအခေါ် ကောင်းချင်လား

အတွေးအခေါ် ကောင်းချင်လား
-----------------------------------
အကြောင်းအရာတခုကို တွေးခေါ်တော့မယ်ဆိုရင်
တွေးခေါ်မဲ့အကြောင်းအရာနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို များများသိဖို့ လိုအပ်တယ်
ရှု့ထောင့်တခုတည်းကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး
အကြောင်းအရာများများ သိလေ တွေခေါ်တဲ့
အကြောင်းအရာဟာ အမှားနည်းလေပဲ
ဒီနေရာမှာ အထူးပြောချင်တာက
အတွေးအခေါ်ဆိုတာ အကြောင်းအရာများများ
သိမှ ဆက်စပ် ပြီးတွေးရတာ နောက်ပြီး စိတ်ငြိမ်
သက်တဲ့အချိန်မှာ တွေးခေါ်ဖို့ လည်းလိုအပ်တယ်
အတိတ် ပစ္စုပ္ပန် အနာဂါတ်နဲ့ ပါတ်သတ်တဲ့
အကြောင်းအရာတွေကို ဆက်စပ် တွေးခေါ်ရတာ
ဆိုရင် ပိုပြီးဂရုစိုက်ရမယ် စိတ်ငြိမ်သက်တဲ့အချိန်
မှာ တွေးတဲ့အတွေးဟာ အရာတခုကို နက်နက်
နဲနဲ ထိုးဖေါက်ပြီး မြင်နိုင်စွမ်းရှိတယ်
ဒါ့ကြောင့် အတွေးအခေါ်ကောင်းချင်ရင်
စာများများဖတ်ရမယ် မှတ်ရမယ် စိတ်ငြိမ်သက်ရမယ်
ဒီနေရာမှာ ဗုဒ္ဓဘာသာတွေအတွက် အထူးအခွင့်
အရေးတခု ပိုတယ်
ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်တွေက
လောကီ နဲ့ ပါတ်သတ်တဲ့ အရာတွေကိုပဲ တွေးခေါ်
နိုင်တယ် သူတို့ မှာ အတိတ် ပစ္စုပ္ပန် အနာဂါတ်
နဲ့ ပါတ်သတ် ဆက်စပ် တာတွေကို သိပ်ပြီး
အသုံးမချနိုင်ဘူး
တွေးခေါ်တဲ့အခါမှာ ကံ ကံရဲ့အကျိုး မမြင်နိုင်တဲ့
အရာတွေရဲ့ အကြောင်းတရားတွေ နောင်ဘဝတွေ
မှာ ဆက်လက်ဖြစ်ပေါ်ဦးမဲ့ အရာတွေကို အနောက်တိုင်းသားတွေက မူတည်ပြီး
မတွေးနိုင်ဘူး သူတို့ က ဘာသာခြားတွေ ဖြစ်တဲ့
အတွက် ယုံကြည်မှု့မရှိသလို တွေးတဲ့ အကြောင်း
အရာတွေထဲမှာ ထည့်သွင်းပြီး မတွေးဘူး
ကမ္ဘာလောကဓာတ်ကြီးဟာ သူ့ သဘာဝအတိုင်း
အကျိုးနဲ့ အကြောင်းနဲ့ ဆက်စပ် နေတာ
သဘာဝကို လွန်တဲ့တရားဆိုတာမရှိဘူး
ဒါပေမဲ့ ပုထုဇဉ်တွေရဲ့ ဥာဏ်နဲ့ မတွေးနိုင်တဲ့
အရာတွေအများကြီးပဲ အဲဒါမျိုးကျတော့
အနောက်တိုင်းသားတွေက သဘာဝလွန်ဆိုပြီး
ခေါင်းစဉ်တပ်ကြတယ်
တကယ်တော့ သဘာဝကိုလွန်တဲ့ တရားဆိုတာ
ရှိကိုမရှိပါဘူး
နောက်ပြီး စိတ်ငြိမ် အောင်ပြုလုပ်ဖို့ နည်းစနစ်
သူတို့ မှာ မရှိဘူး
အိုင်းစတိုင်းရဲ့ အတွေးအခေါ်တခုဖြစ်တဲ့
အခြားဂြိုဟ်တွေရဲ့ ဆွဲငင်အားကြောင်း
ကမ္ဘာဂြိုဟ်ရဲ့ အချိန်ဟာ ကွေးညွတ်တယ် ဆိုတဲ့
အတွေးအခေါ်ဟာ ဗုဒ္ဓတရားတော်နဲ့ ဆက်စပ်
နေတယ်
အရာဝတ္တုတွေ ပျောက်ပြီးပြန်ပေါ်လာတဲ့အခါ
လူတွေဟာ အိုမသွားပဲ မပျောက်ခင်ကအတိုင်း
ရှိနေတာတွေ နှစ်ပေါင်း လေးငါးဆယ် ပျောက်
သွားပေမဲ့ သူတို့ မသိဘူးဆိုတာတွေဟာ
သဘာဝလွန်လို့ သာ ခေါင်းစဉ်တပ်နေကြပေမဲ့
ပိဋကတ်သုံးပုံထဲမှာ ပါပြီးသားတွေပါ
ဒါ့ကြောင့် အိုင်းစတိုင်းဟာ သိပ္ပံပညာက မသိတာ
တွေ ဗုဒ္ဓတရားတော်ထဲမှာ ရှာကြရလိမ့်မယ် လို့ 
မှတ်ချက်ပြုခဲ့တာ
apple ဥက္ကဋ္ဌ ကလည်း သူနည်းပညာတွေကို
ဖေါ်ထုတ်နိုင်တာဟာ ဗုဒ္ဓတရားတော်အတိုင်း
စိတ်ငြိမ်အောင် အရင်ကျင့်ကြံပြီးမှ ရှာဖွေဖေါ်ထုတ်နိုင်တာပါ လို့  ဝန်ခံခဲ့ဘူးတယ်
ဒါ့ကြောင့် အတွေးအခေါ်ကောင်းချင်ရင်
ဗုဒ္ဓတရားတော်တွေကို နက်နက်နဲနဲ လေ့လာ
ရမယ် ပြီးတော့ စိတ်ငြိမ်အောင် သမထ ဝိပဿနာ
ကျင့်စဉ်တွေကို ကျင့်ဖို့ 
မဖြစ်မနေ လိုအပ်တယ် လို့  သုံးသပ်ချင်တယ်

ဦးမြင့်ခိုင်

 

No comments:

Post a Comment