Tuesday, June 14, 2016

တကယ်မှ ဟုတ်ရဲ့လား

တကယ်မှ ဟုတ်ရဲ့လား
•~•~•~•~•~•~•~•~•~•~•
- အကျိုးရှိတဲ့ ဘာသာရေးပို့စ် တစ်ခုကို ဖက်မိလိုက်တဲ့ အခါမှာ-
ကိုယ့် " fri " တွေလည်း ဒီတရားလေး သိပါစေဆိုတဲ့ စိတ်ကလေးပေါ်လာတယ် ဆိုကတည်းက အဲဒါ "ပုဗ္ဗ" စေတနာ ပါ။
- ကိုယ် " fri " တွေ သိစေဖို့
" share " ဆိုတာကိုနှိပ်ပြီး " post" ဆိုတာလေးကို နှိပ်လိုက်တာဟာ "မုဉ္စ" စေတနာ ပါ။
- ကိုယ့် " fri " တွေ ဖက်ပြီး " like" လုပ်တဲ့အခါ-
- " Comment" မှာ အားပေး ထောက်ခံတဲ့အခါ-
- ကိုယ့်လိုပဲ ပြန် "Share" ပြီး-ပြန်ဖြန့်ဝေတဲ့ အခါ- မှာ-
- ဘယ်နှစ်ယောက်များ- ဖြင့် သိသွားကြပြီ၊
-ဘယ်နှစ်ယောက်များ- ဖြင့် ပြန်ဖြန့်ဝေကြပြီ စသည်ဖြင့် ဝမ်းမြောက်စိတ်ဖြစ်ပေါ်တာဟာ "အပရ" စေတနာပါ။
- ဒီလို စေတနာသုံးတန်နဲ့ တရား ဖြန့်ဝေလိုက်တဲ့ ကုသိုလ်ဟာ နောင်သံသရာမှာ ကိုယ့်အတွက် တရားထူးရမယ့် အထောက်အပံ့ကောင်းကြီး ဖြစ်သလို၊ အခုရလာတဲ့ အကျိုးရလဒ်ကို ကြည့်တော့လည်း-
- ကိုယ့် " fri " တွေ မိရိုးဖလာ ဗုဒ္ဓဘာသာကနေ တကယ့်ထေရဝါဒ ဗုဒ္ဓဘာသာတွေဖြစ်လာမယ်။
- အရင်က ရတနာသုံးပါးရဲ့ တန်ဖိုးကို မသိလို့  ဆဲဆိုနေကြ သူတွေလည်း ရတနာသုံးပါး တန်ဖိုးကို သိလာကြပြီး အကုသိုလ်တွေ နည်းလာမယ်။
- တရားကို စိတ်မဝင်စားသူတွေလည်း ဖက်ပါများလာပြီး တရားကို စိတ်ဝင် စားလာမယ်။
- တစ်ယောက်စိတ်ဝင်စားလာရင် တစ်ယောက် ကောင်းကျိုးရသလို၊
- နှစ်ယောက် စိတ်ဝင်စားရင် နှစ်ယောက် ကောင်းကျိုးရမယ်။
- များများ စိတ်ဝင်စားလာရင် များများကောင်းကျိုးရကြမယ်။
- နောက်ဆက်တွဲ အားဖြင့် - ဘာသာတရား ကိုင်းရှိုင်းသူတွေ အင်အားများလာပြီး ဗုဒ္ဓသာသနာထွန်းကားရေး၏ အကြောင်းတရားကောင်းကြီးပင် ဖြစ်လာနိုင်ပေတယ်။
- အဲဒီလောက် ကောင်းကျိုးတွေ ရရှိတဲ့ တရားဖြန့်ဝေမှုကို ဘာကြောင့်များ မဖြန့်ဝေပဲ နေသင့်ပါသနည်းဟု မေးရမလို ဖြစ်နေပြီ။
- ကိုယ် ဆုတောင်းနေတဲ့ " နိဗ္ဗါန်ကို ရောက်ရပါလို၏ " ဆိုတာ တကယ်မှဟုတ်ရဲ့လား ?
- ဘာသာ-သာသနာကို
ချစ်တယ်ဆိုတာလည်း တကယ်မှ
ဟုတ်ရဲ့လား ? -- လို့ -
--- မေးရမလိုတောင် ဖြစ်နေပြီ•••

No comments:

Post a Comment