Friday, June 17, 2016

သည်းခံမှု့ ရဖို့ ဆိုတာ မလွယ်ပါ

ဒါမျိုးရဖို့  တကူးတကတောင်ရှာရတာပါ
-----------------------------------------
ကျွန်တော်တို့ ဘုရားရှင်ဟာ ဘဝတစ်ခုမှ
ဘုရင်ဖြစ်ခဲ့ပါတယ် သူဟာ ဘုရင်စည်းဇိမ်ဟာ
ဘာမှ စွဲမက်ဖို့ မကောင်းဘူး ငါလိုချင်တာက
သည်းခံမှုမှ ရှိစေနိုင်တဲ့ ပါရမဆိုတဲီ့ စိတ်ဓာတ်ခွန်အား
ကိုလိုချင်တာ ဘုရင်စည်းဇိမ်ခံစားနေလို့ 
ငါလိုချင်တာ မရနိုင်ဘူးလို့ ဆိုပြီး နန်းတော်ထဲကနေ
ဘယ်သူ့ ကိုမှအသိမပေးပဲ ဆင်းဆင်းရဲရဲ
စုတ်စုတ်ပြတ်ပြတ်နဲ့ ထွက်သွားခဲ့တယ်

သူ့ ကို လူတွေက အရူးကြီးပဲထင်ပြီး ချိုးနှိပ်ဆက်ဆံ
ကြတာတွေကို ခံယူပြီ လူတွေကျွေးတာစားကာ
အမြဲတမ်းလှည့်လည်ပြီးခရီးသွားနေခဲ့တယ်
တစ်နေရာရောက်တော့ ရွာတရွာမှာ ခလေးတွေက
သူ့ ကို ရက်ရက်စက်စက် ပြုမူကြတယ်
ပြာပူတွေနဲ့ ပက် ဂျိုင်းမွေးတွေနုတ် စသဖြင့်
ဒေါသထွက်အောင်ပြုမူဆက်ဆံကြတော့
သူကနှလုံးသွင်းတယ် အင်း-- ငါလိုချင်တဲ့
နေရာမျိုးတော့တွေ့ ပြီ ဒီရွာမှာ ကြာကြာနေမှ
ပဲဆိုပြီးတော့ အဲဒီရွာမှာစတည်းချနေထိုင်တယ်
ခလေးတွေက သူ့ အပေါ်ကို ရက်ရက်စက်စက်
နှိပ်စက် တယ် ပင်ပမ်းအောင်ပြုတယ် သူက
အဲဒါတွေကို ဒေါသမထွက်ပဲ ကြိတ်မှိတ်ပြီး
သည်းခံကာ ခန္ဓီပါရမီကို ဖြည့်ဆည်းပြီး
စိတ်ဓာတ်ခွန်အားရအောင်လုပ်တယ်
ကြာလတော့လူတွေဟာ ဒါသာမန်ပုဂ္ဂိုလ်တော့
မဖြစ်နိုင်ဘူးဆိုတာသိသွားပြီး လာတောင်းပန်
ကြတဲ့အခါ သူက သူ့ အကြောင်းသိသွာ့းပီ
သူလိုချင်တာမရနိုင်တော့ဘူးဆိုပြီး တခြားနေရာကို
ဆက်လက်ထွက်ခွါသွားခဲ့တယ်
ပြောချင်တာက
စိတ်ဓာတ်ခွန်အားမြင့်စေတဲ့ သည်းခံမှု့ ကို
ပြုစုပျိုးထောင်ရာမှာ ကိုယ့်အပေါ်ကို မကောင်းတဲ့သူ
ရှိမှ ဖြစ်နိုင်မှာပါ ကိုယ့်အပေါ်ကို ကောင်းနေရင်
အဲဒီလူကို ဘယ်လိုသည်းခံမလဲ
ဘယ်အရာပဲဖြစ်ဖြစ် အောင်မြင်မှု့ ရဖို့ က
သည်းခံမှု့ မပါပဲ ပြီးကိုမပြီးဘူး သူက ဘုရား
အလောင်းတော်ကြီးပဲလေလို့ ဆင်ခြေ ပေးစရာရှိပေမဲ့
ပုထုဇဉ်တွေလည်း မိမိရည်ရွယ်ချက်အတွက်
အဲဒီစိတ်ခွန်အားမြင့်စေနိုင်တဲ့ သည်းခံမှု့ ဟာ
မဖြစ်မနေလိုအပ်တဲ့အရာပါ
ဒါ့ကြောင့် ကိုယ့်အပေါ်မကောင်းတဲ့သူဆိုတာ
တခါတရံမှသာ အကျိုးအကြောင်းတိုက်ဆိုင်မှ
တွေ့ ရတာပါ အမြဲတမ်းတွေ့ ကြုံနေရတာ
မဟုတ်ပါဘူး အဲဒီ လူမျိုးကို ငါ့ရဲ့ခန္ဓီပါရမီ
ဖြည့်ဖက်ပဲဆိုပြီး ကျေးဇူးရှင်အဖြစ်နဲ့ နှလုံးသွင်း
နိုင်အောင်ကြိုးစားကြရမှာပါ
ခုတော့ နည်းနည်းလေး ကိုယ့်အပေါ်မကောင်း
လုပ်လိုက်တာနဲ့  ငါ့လိုကောင်ကိုများ/မင်းလိုကောင်ကများ
/အတယ်မထင်နဲ့ /
နုံတယ်ထင်ရင်မှားသွားမယ်တို့ 
ဆိုတဲ့ အပြုအမူတွေဟာ ကိုယ့်မှာ သည်းခံမှု့ 
မရှိဘူးဆိုတာကို ဖေါ်ပြနေတာပါပဲ
ဒါ့ကြောင့် တကူးတကတောင်ရှာယူရတဲ့
သည်းခံမှု့ ကို သူများက ကိုယ့်ကို အလကား
လာပေးတဲ့အတွက် လိုလိုချင်ချင်နဲ့ သာ
ယူထားလိုက်ကြပါ ဘာဖြစ်လို့ လဲဆိုတော့
သူတို့ ပေးတဲ့ အရာဟာ ကိုယ့်ရဲ့ အောင်မြင်မှု့ အတွက် မဖြစ်မနေ လိုအပ်တဲ့ အလိုအပ်ဆုံး
အရာဖြစ်နေလို့ ပါပဲ

No comments:

Post a Comment