---------------------
ပြောတော့လည်း
သခင်မျိုးဟေ့ ဒို့ ဗမာ
လက်တွေ့ ကျတော့
ပညာတက်တွေမှန်သမျှ
သူများခိုင်းတာလုပ်ဖို့ 
နိုင်ငံခြား ကိုချည်းထွက်နေကြတယ်
ဆောင်ပုဒ်က သူ့ ကျွန်မခံပြီ
ီ
ဟိုတလောက စင်္ကာပူအိမ်ဖေါ်ဈေးကွက်မှာ
မြန်မာတွေက ဈေးအနည်းဆုံးတဲ့
အိမ်ဖေါ်ရင်းယှဉ်တာတောင်
မြန်မာက ဈေးအနည်းဆုံးတဲ့
တကမ္ဘာလုံး ဝိပဿနာတရားတွေထိုင်နေကြပြီ
မြန်မာတွေက ဘီယာဆိုင်
လက်ဖက်ရည်ဆိုင်တွေကနေမထကြသေးဘူး
တန်ခူးသင်္ကြန်မို့ သောက်တယ်
နှစ်သစ်ကူးလို့ သောက်တယ်
လွပ်လပ်ရေးနေ့ မို့ သောက်တယ်
ချစ်သူများနေ့ မို့ သောက်တယ်
ခရစ်စမတ်နေ့ မို့ သောက်တယ်
မီးထွန်းပွဲတော်မို့ သောက်တယ်
ကထိန်မို့ သောက်တယ်
အမျိုးဘာသာ သာသနာကို
စောင့်ရှောက်တယ်ဆိုတာ
ဘယ်လထဲမှာ များလည်း မသိဘူး
ရွှေမြန်မာတော့ သိပ်မတွေ့ မိသေးဘူး
ဘီယာမြန်မာတွေကတော့ အများကြီးပဲ


No comments:
Post a Comment