-----------------------------
နှစ်ကုဋေငါးသန်းသောဆံပင်
ကိုးသိန်းကိုးသောင်းသောအမွှေး
ငါးကြင်းကြေးသဖွယ် နှစ်ဆယ်သော လက်သည်း
ခြေသည်း
သုံးဆယ့်နှစ်ချောင်းသော သွား
တကိုယ်လုံးခွါ၍လုံးသည်ရှိသော်
ဆီးစေ့ခန့် ရှိသော အရေပြား
ကိုးရာခန့် ရှိသော အသားတစ်
ခုနှစ်သောင်းသော အကြော
သုံးရာသော အရိုး
ဖြူသောအဆင်းရှိသော ရိုးတွင်းခြင်ဆီ
နှလုံးသားကိုခြံရံ၍ တည်သော အသားစိုင်နှစ်ခု ဟု
ဆိုအပ်သော အညှို့ 
တလက်ဘက်မျှလောက်သော နှလုံးသွေး၏ တည်ရာ နှလုံးသား
ကသစ်ရွက်နှင့်တူသော အသည်း
နှစ်ခုသော အမြှေး
သရက်ရွက်ဟုခေါ်သော အဖျဉ်း
အဆုတ်
နှစ်ဆယ့်တပတ်ခွေ၍နေသော အူမ
အူမကို ရစ်ပတ်၍ ဖွဲ့ နေသော အူသိမ်
စားပြီးကာစ ခွေးအံဖတ်နှင့်တူသော အစာသစ်
အစာအိမ်မှချက်ပြီး၍ကျလာသော အစာဟောင်း
မုန့် ညက်ခဲနှင့်တူသော ဖြူသော ဦးနှောက်
သည်းခြေ
တကွန်းစားမျှလောက်သော သလိပ်
ပြည်ပုပ်
နှစ်မျိုးသော သွေး
ဆီကြည်အဆင်းရှိသော ချွေး
ဝါသောအဆင်းရှိသော အဆီခဲ
ဆီကြည်အဆင်းရှိသော မျက်ရည်
အုန်းဆီနှင့်တူသော ဆီကြည်
တံတွေး
ဦးနှောက်မှ ယိုစီးကျလာသော နှပ်
ပျစ်ချွဲသော အစေး
ကျင်ငယ်
**********************************
မှတ်ချက်
အဲဒီ သက်မဲ့ ၃၂ မျိုးပေါင်းစုထားတဲ့
ခန္ဓာကိုယ်ကြီးထဲမှာ
ငါဆိုတာ ဘယ်မှာလည်း
တခုခုချွတ်ယွင်းတာနဲ့ 
ရပ်တန့် သွားမှာ
အမြဲတမ်း မနားမနေ ကိုယ်စီကိုယ်စီ
သူ့ အလုပ်သူလုပ်နေကြတာပါ
မရပ်ခင် ငါ ငါ့ဟာ ငါ့သားသမီးဆိုပြီး
အောင်နေကြတာ
ငါစားဖို့  ငါ့သားမယားစားဖို့ ဆိုပြီး
နရှာဖွေနေကြတာ
ငါဆိုတာလည်းမရှိဘူး
ငါ့သား ငါ့သမီး ငါ့ဥစ္စာ ဆိုတာလည်း မရှိဘူး
ဒါဆိုရင်
ဘာ့ကြောင့်
ဘာ့အတွက်
ပူလောင်ပင်ပမ်း ဆင်းရဲခံပြီး
ရှာဖွေနေကြတာလည်း
၃၂ မျိုးထဲက တခုခု မရပ်တန့် ခင်မှာ
အဖြေသိဖို့ 
အရေးတကြီးလိုအပ်နေပြီ
ဓမ္မမိတ်ဆွေများ
အဖြေထုတ်နိုင်ကြပါစေ

No comments:
Post a Comment