Thursday, June 23, 2016

ဒါနကို သိပ္ပံ နည်းကျလေ့လာခြင်း

ဒါနကို သိပ္ပံ နည်းကျလေ့လာခြင်း
----------------------------
ကိုယ့်မှာရှိတာ သူများကိုပေးလိုက်ရင်
ကုန်သွားတယ်လို့ ထင်ပြီး မပေးနိုင်ကြဘူး
မျက်စိအမြင်မှာလည်း ကုန်သွားတာပါပဲ

မဟာစည်ရိပ်သာမှာနေစဉ်က ရွှေပုစွန်ဦးပွင့်ကောင်း
မိသားစုဟာ ရိပ်သာအတွက် လှူလိုက်ကြတာ
သိန်း ငါးထောင် သိန်းတစ်သောင်းအစရှိသဖြင့်
လှူတန်းနေတာတွေ့ တော့ များစွာအံ့သြမိတယ်
အဆောက်အဦးတော်တော်များများမှာ သူတို့ 
မိသားစုနာမည်တွေအများဆုံးတွေ့ ရတယ်
နာဂစ်ဖြစ်ပြီးတဲ့မနက်မှာ ရိပ်သာလူကြီးတွေက
သူတို့ အိမ်ကိုအရင်ရှင်းနေချိန်မှာ ရွှေပုစွန်မိသားစုက
အလုပ်သမားတွေဟာ မိုးလင်းတယ်ဆို
ရိပ်သာကိုအရင်ဦးဆုံး လာရောက်ရှင်းလင်းစေတယ်
ကိုယ့်အိမ်ထက် ရိပ်သာကိုဦးစားပေးတယ်
သာသနာတော်အတွက် အဲဒီလိုပေးဆပ်တဲ့လူတွေပါ
ဒီကနေ့ မဟာစည်သာသနာရိပ်သာ လည်ပတ်နေတာဟာ
သူတို့ ထောက်ပံ့မှူ့ တွေ အဓိကကျတယ်
အဲဒီလို ဘာ့ကြောင့်လှူနိုင်လည်းဆိုပြီးကျွန်တော်
လေ့လာကြည့်တော့ ရွှေပုစွန်ကိတ် ရွှေပုစွန်
အအေးဆိုင်တွေမှာ အလှူပေးနေသလား
ထင်ရလောက်အောင် ရောင်းကောင်းနေတာ
တွေ့ ရတယ်
ဗုဒ္ဓကလည်း စပါးကြဲတဲ့ဥပမာနဲ့ မိန့် ခဲ့တယ်
လယ်ထဲမှာစပါးတတင်းကြဲရင် တင်းပေါင်းများစွာ
ပြန်ရတယ် ဒါပေမဲ့ပြန်ရတဲ့ စပါးတွေထဲမှာ
ကြဲတဲ့စပါးတတင်းမပါဘူးတဲ့ ဒါပေမဲ့အဲဒီ
တတင်းကိုပဲအမှီပြုပြီး ဖြစ်ပေါ်လာရတာတဲ့
အလှူလုပ်လို့ ကုန်သွားတယ်ထင်ရပေမဲ့
အဲဒီလူရဲ့အခြားသောစီးပွားရေးတွေဟာ
မလှူခင်ကအခြေအနေထက်ပိုပြီးထူးခြားစွာ
ကောင်းမွန်လာတာကိုတွေ့ ရနိုင်ပါတယ်တဲ့
မင်းတို့ ကသာ လှူလိုက်လို့ ကုန်သွားတယ်ထင်နေတာ
ငါဘုရားရဲ့ဥာဏ်တော်ကြီးထဲမှာ ပြန်ကြည့်လိုက်တော့
၉၂ ကမ္ဘာအထိ လှူလို့ မွဲတာ တရောက်မှ
မမြင်မိပါဘူးတဲ့
မိတ်ဆွေတို့ လည်းမယုံရင်သိပ္ပံနည်းကျ
စမ်းသပ်နိုင်ပါတယ် မိမိရဲ့ဝင်ငွေထဲကနေ
သာသနာတော်အတွက် နည်းနည်းလောက်ဖြစ်ဖြစ်
ပါအောင်ခွဲဝေ လှူဒါန်းကြည့်ကြပါ
အဲဒီအဖြေကို ကိုယ်တိုင်တွေ့ ရပါလိမ့်မယ်
သာသနာတော်နဲ့ ဝေစားမျှစားလုပ်ရင်ဖြင့်
မိတ်ဆွေတို့ ရဲ့စည်းစိမ်ဥစ္စာရော ဂုဏ်ဒြပ်ကော
အကျမရှိပဲ တက်ဖို့ သာရှိပါကြောင်း

 

No comments:

Post a Comment