Tuesday, June 21, 2016

ဗိုလ်ချုပ် လိုချင်ခဲ့သော လွပ်လပ်မှု့

ဗိုလ်ချုပ် လိုချင်ခဲ့သော လွပ်လပ်မှု့
--------------------------------------
လွပ်လပ်ရေးနေ့ ရောက်ပြီ ဆိုပြီး ပျော်ကြ ရွှင်ကြ
တာကိုတွေ့ တော့ တဒင်္ဂတော့ပျော်ရွှင်မိပါတယ်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ကျေးဇူးကိုလည်း
ပြန်လည် တမ်းတ ပြီး လွမ်းဆွတ်မိပါတယ်

တဒင်္ဂ လွတ်လပ်မှု့ နဲ့ ထာဝရ လွတ်လပ်မှု့
နှစ်မျိုးမှာ တဒင်္ဂ လွတ်လပ်မှု့မျိုးလောက်နဲ့ သာ
တင်းတိမ်မနေပဲ ထာဝရ လွတ်လပ်မှု့မျိုးရအောင်
စွမ်းဆောင်ကြပါလို့ လည်း ထပ်ဆင့်တိုက်တွန်းပါရစေ
သူတပါးရဲ့ အုပ်ချုပ်မှု့အောက်ကနေ လွတ်မြောက်
လာရလို့  ပျော်ရွှင်ရတယ်ဆိုတာ ဘဝတစ်ခု
အတွင်းက ခဏတာ အစိတ်အပိုင်းလေးပါပဲ
တသံသရာလုံး ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဘဝတွေမှာ
တိရစ္ဆာန်ဖြစ်လို့  သူတပါးခိုင်းတာ ခံခဲ့ရတာတွေ
တိရစ္ဆာန်အချင်းချင်း ကြီးနိုင်ငယ်ညှင်း နိုင်ရာစား
ဘဝတွေမှာ ကျင်လည်ရတာတွေ
အပါယ်ဘုံသားဘဝတွေမှာ ကိုယ့်ထက် မြင့်သူက နိမ့်သူကို ဖိစီးနှိပ်စက်လို့  မခံမရပ်နိုင်ဖြစ်ခဲ့ရတာ
တွေဟာ တသံသရာလုံးမှာ မရေမတွက်
နိုင်အောင်ကို များပြားခဲ့ပါပြီ
တကယ်လို့ များ သံသရာက
မကျွတ်နိုင်ခဲ့သေးဘူး ဆိုရင် နောင်ကိုလည်း
နိုင်ရားစားဘဝတွေ ကြီးနိုင်ငယ်ညှင်းနှိပ်စက်တဲ့
ဘဝတွေကနေ ကနေ မရေမတွက်နိုင်အောင်ကို
ထပ်မံ နှိပ်စက်ခံကြရပါလိမ့်ဦးမယ်
အဲဒီလို ဘဝရဲ့ ညည်းငွေ့ မှု့တွေကို လူတော်တယောက်ဖြစ်တဲ့
ဗိုလ်ချုပ်အောင်ဆန်းဟာ မြင်ခဲ့ပါတယ်
ဗိုလ်ချုပ်အောင်ဆန်းဟာ အီတလီဘုန်းတော်ကြီး
ဦးလောကနာထနဲ့ တက္ကသိုလ်များဓမ္မာရုံမှာတွေ့ တော့ ရဟန်းအဖြစ်ခွင့်တောင်းပြီး ဦးလောကနာထနဲ့ 
လိုက်ပါသာသနာပြုဖို့  ကြိုးစားခဲ့ဘူးပါတယ်
အဲဒီတုန်းကသာ သူ့ အကြံအစည်အတိုင်း
သာသနာပြုခဲ့ရင် သူ့ တယောက်အတွက်တော့
အင်မတန်ကို အကျိုးရှိစေမှာပါ
ဒါပေမဲ့
တကယ်တမ်းကျတော့ မြန်မာပြည်သူတွေရဲ့
နိမ့်ကျတဲ့ဘဝကို ကယ်တင်ချင်လွန်းအားကြီးပြီး
သူ့ ဘဝကို နိုင်ငံရေးထဲမှာပဲ မြှုပ်နှံစတေးခဲ့တာပါ
မြန်မာပြည်သူတွေ လွပ်လပ်ဖို့  သူ့ ရဲ့ ဘဝကို
လွတ်လပ်မှု့ဆုံးရှုံးစေပြီး ရင်းနှီးပေးဆပ်သွားတာပါ
အဲဒီတော့
ုမြန်မာပြည်သူတွေဟာ
ဗိုလ်ချုပ်ရဲ့ ကျေးဇူကို နားလည်ဖို့ လိုအပ်ပါတယ်
ဗိုလ်ချုပ်ဟာ တဘဝ လွပ်လပ်မှု့ထက်
သံသရာက လွပ်လပ်မှု့ကို ပိုပြီး တန်ဘိုးထားတယ်ဆိုတာ ထင်ရှားလှပါတယ်
ဒါ့ကြောင့် လွပ်လပ်ရေးနေ့ တွေမှာ
သာမန် ပျော်ရွှင်မှု့တွေနဲ့  အချိန်ကုန်မနေကြပဲ
သံသရာကနေ တကယ်လွပ်လပ်နိုင်တဲ့ ဝိပဿနာတရားကို ရှု့မှတ်ပြီး ဗိုလ်ချုပ်ကို
ကျေးဇူးဆပ်ကြမယ် ဆိုရင်တော့
တမလွန်ကနေ
ပျော်နေမှာပါလေ
ဗိုလ်ချုပ်ကျေးဇူး
အထူးဆပ်သူများ
ဖြစ်နိုင်ကြပါစေ

ဦးမြင့်ခိုင်

 

No comments:

Post a Comment