--------------
သာသနာတော်ကို အကောင်းမွန်ဆုံး စောင့်ရှောက်
ခဲ့ကြတဲ့
လယ်တီ မိုးကုတ် မဟာစည် ဝေဘူ တိပိဋကမင်းကွန်း
ဆရာတော်ကြီးအပါအဝင် ပိဋကတ်သုံးပုံဆောင်
ကိုယ်တော်ကြီးတွေအကုန်လုံးဟာ
တချိန်တုံးက သင်္ကန်းကို ခါးတောင်းကြိုက်ခါ
မိုးထဲရေထဲမှာ ပြေးလွှားဆော့ကစားခဲ့ကြတဲ့
ကိုရင်လေးတွေပါပဲ အလှုလည်းလိုက်ခံဘူးတယ်
ညနေစာလည်းစားခဲ့ဘူးကြပါတယ် အဲဒီအချိန်ကတော့
ဝိနည်းရဲ့အတိမ်အနက်ကို မသိခဲ့ကြလို့ ပေါ့
တဖြေးဖြေးနဲ့ ရဟန်းဘဝကိုရလာခဲ့ပြီး
ဝိနည်းရဲ့အတိမ်အနက်ကို နားလည်လာကြတော့လည်း
လူနတ်ဗြဟ္မာ တလောကလုံးက ဦးခိုက်ရလောက်အောင်
သီလ သမာဓိ ပညာ ပြည့်စုံကြပါရဲ့ မသိခင်က
ကျုးလွန်ခဲ့ကြမိပေမဲ့ သိသွားကြတော့လည်း
အသက်နဲ့ တောင်လဲပြီး သီလကို စောင့်ထိမ်း
နိုင်ခဲ့ကြပါတယ်
သစ်ပင်တပင်ဟာ နုစဉ်မှာ အပွေးမရှိပေမဲ့လည်း
နှစ်ကြာလာတာနဲ့ အမျှ တဖြေးဖြေး အပွေးတက်လာပြီး
တန်ဘိုးရှိလာကြရတာပါပဲ
အဲဒီသဘောပါပဲ
သာသနာ့တာဝန်ကို ထမ်းရွက်မဲ့သူနည်းလို့ 
ဘဝတခုလုံးပေးဆပ်နေရတဲ့ ကိုရင်လေးတွေ
နေတာထိုင်တာ အမြီးအမောက်မတည့်လို့ 
ဝေဖန်နေမဲ့အစား
ကာမဂုဏ်အာရုံကိုစွန့် ပြီး သာသနာ့တာဝန်
ထမ်းရွက်နေတဲ့ ကိုရင်လေးတွေကို ကိုယ့်သားသမီး
လေးတွေလိုသဘောထားပြီး ကိုယ်နိုင်တဲ့
ဘက်ကနေ ပစ္စည်းလေးပါးနဲ့ ထောက်ပံ့
ပေးမယ်ဆိုရင်ဖြင့် ---------------
ဦးမြင့်ခိုင်

No comments:
Post a Comment