Wednesday, June 15, 2016

ဒုတိယ အတွေးပါပါစေ

ဒုတိယ အတွေးပါပါစေ
-------------------------
လူတွေ အသိပညာနည်းတာဟာ အပြစ်
မရှိပါဘူး မြန်မာပြည်ရဲ့အခြေအနေ
အရပ်ရပ်ကြောင့်ပါ

အတွေးအခေါ်နိမ့်တာဟာလည်း အပြစ်
မမြင်သေးပါဘူး မြန်မပြည်ရဲ့အခြေအနေ
အရပ်ရပ်ကြောင့်ပါ
ရဟန်းသံဃာတော်တွေကို ပြစ်မှားနေကြ
တာကိုလည်း အပြစ်မမြင်သေးပါဘူး
မြန်မာပြည်ရဲ့အခြေအနေ အရပ်ရပ်ကြောင့်ပါ
ဗုဒ္ဓတရားတော်တွေကို နားလည်တဲ့အခါ
လောကီစာပေ အကျိုးပြု စာပေတွေကို
နားလည်တဲ့အခါ ဒီကိစ္စတွေက အလိုလို
ပြေလည်သွားမှာပါ
အခု fb ပေါ်လာတဲ့အခါ လူတွေဗုဒ္ဓတရား
နားလည်ဖို့  လူသားအကျိုးပြု အထွေထွေ
ဗဟုသုတ ရ ရှိဖို့  အမြင်ကျယ်စေဖို့ 
ခေတ်နဲ့ ညီအောင်တွေးခေါ်နိုင်ဖို့ အတွက်
အမြန်ဆုံးဖြန့် ဝေမှု့ပါပဲ
တန်ဘိုးရှိတဲ့ ပို့ စ်တပုဒ်ကို ကိုယ်ကဖတ်ရ
လို့  ကောင်းလိုက်တာဆိုတဲ့ အတွေး ဖြစ်
ပေါ်လာတဲ့အခါ ငါ့ သူငယ်ချင်းတွေလည်း
သိပါစေဆိုတဲ့ ဒုတိယအတွေးကပ်ပါလာပြီး ဖြန့် ဝေဖို့ 
ဟာ အင်မတန် မှ အရေးကြီးလှတယ်
ဝမ်းနည်းစရာကောင်းတာက
တရာဖတ်လို့  တယောက် မ share ဘူး
တချို့ က ဖြန့် ဝေမှု့ မှားရင် ဘယ်လိုလုပ်မ
လဲဆိုပြီး ဆင်ခြေပေးကြတယ်
ကျွန်တော် တနေ့ ကို ၁၅ ပုဒ်လောက်
နေ့ တိုင်းတင်ဖြစ်တယ် တနေ့ မှ မတင်တဲ့
နေ့ မရှိဘူး တင်ပေးတာ နှစ်နဲ့ ချီနေပြီ
တင်တာ အပုဒ် တစ်သောင်း
ကျော်ခဲ့ပြီ မဖြန့် ဝေသင့်တဲ့ ပို့ စ်တပုဒ်
လောက်တွေ့ ခဲ့ရင် ကျွန်တော့်ဆီကို
ပြန်ပို့ ပေးကြပါ
ဖတ်တဲ့သူတွေမှာ ငါသိသလို
ငါ့သူငယ်ချင်းများလည်း သိပါစေ ဆိုတဲ့
ဒုတိယအတွေး ဆက်
လက်မဖြစ်ပေါ်တဲ့အတွက် ဗုဒ္ဓဘာသာ
ဟာ တိုးတက်မှု့ နှေးကွေးလှပါတယ်
မိတ်ဆွေများ
ဒုတိယအတွေး ပေါ်ပေါ့က်နိုင်ကြပါစေ

No comments:

Post a Comment