Monday, June 13, 2016

အသွားမတော်တလှမ်း အပြောမတော် ?

အသွားမတော်တလှမ်း အပြောမတော် ?
--------------------------------------------
မိဘမေတ္တာဟာ ဘယ်လောက်ကြီးမားသလဲဆိုတာတော့ လူတိုင်သတိပါတယ် အနန္တောအနန္တ ငါးပါးစာရင်း
မှာတောင် ပါတယ်ဆိုတော့ စဉ်းစားပေါ့
ဟုတ်ပြီ
အဲဒီမိဘဆိုတဲ့ပုဂ္ဂိုလ်တွေဟာ သူတို့ ရဲ့သားလေး
တယောက်ကို သာသနာ့ဘောင်သွင်းပေးလိုက်လို့ 
ကိုရင်လေးဖြစ်သွားရင် ဘယ်လောက်ထိကြီးကျယ်မြင့်မြတ်သွားသလည်း
ဆိုတော့ မိဘတွေကတောင် ထိုင်ပြီး ရှိခိုးရလောက်အောင်ကို ကြီးကျယ်မြင့်မြတ်သွားတာ
အဲဒါ သာမဏေအဆင့်ပဲရှိသေးတယ်
မိဘကတောင်ပြန်ရှိခိုးရတယ်ဆိုတော့
ရဟန်းတပါးရဲ့ ဂုဏ်ကျေးဇူးဆိုရင် ဘယ်လောက်ထိ ဂုဏ်ကျေးဇူးကြီးမလဲစဉ်းစားပေါ့
တပါးကနေ သုံးပါးအထိကိုရဟန်းလို့ ပဲခေါ်ပြီး
လေးပါးနဲ့ လေးပါးအထက်ကို သံဃာလို့ ခေါ်တယ်
သံဃာကိုလှူတဲ့အကျိုးဟာ ငါဘုရားရှင်ကို လှူတဲ့
အကျိုးထက် ကြီးမားတယ်လို့  ဘုရားရှင်မိန့် မှာ
ခဲ့ဘူးတယ်
ဒါဆိုရင် သံဃာ ထုကိုပြစ်မှားရင် ဘုရားရှင်ကို
ပြစ်မှားတာထက်ကို အကျြိးပေးမသေးဘူးဆိုတာ
လက်မခံနိုင်စရာအကြောင်းမရှိဘူး
အခု မြန်မာနိုင်ငံရေးအများစုဟာ
အကျိုးအပြစ်ကိုမသိ အတိမ်အနက်ကို မသိပဲ
စကားလုံးအသုံးအနုန်းတွေကို လက်လွတ်စပါယ်
သုံးနေကြတာတွေ့ ရတယ်
မဟန မဘသ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး
တော့ သုံးနုန်းနေတာတွေ့ ရတယ်
အင်းစိန်ရွာမဆရာတော်ဘုရားကြီး ဦးတိလောက
ဘိဝံသ တို့ ဆရာတော်ကြီးဦးဥာဏိဿရ တို့ 
ဦးဆောင်ပြီးဖွဲ့ စည်းထားတဲ့ သံဃာထုအဖွဲ့ အစည်းကို ဝေဘန်တာထက်ပိုတဲ့စကားလုံး
ကြမ်းကြမ်းကြီးတွေနဲ့ သုံးထားတာတွေ အများကြီး
တွေ့ ရတယ်
သီလ သမာဓိ ပညာ ကြီးကျယ်ခမ်းနားတဲ့ပုဂ္ဂိုလ်
ကြီးတွေကို မရိုမသေမလေးမစားပြောဆိုနေကြ
တာတွေဟာ
ဘယ်လောက်ထိအပြစ်ကြီးမယ် လို့ ထင်ပါသလဲ
ဘုရားရှင်ကတောင် သံဃာကို အကြောင်းညီညွတ်ရင် ကြည်ညိုလေးစားပါတယ်တဲ့
ကဲ
နဖူးပေါ် လက်တင် ပြီး
စဉ်းစားကြစေလိုပါတယ်
ဝေဘန်တာကို လက်ခံပါတယ်
မဘသ မဟန ရုံးချုပ်တွေရှိပါတယ်
ဝေဘန်စာ အကြံပြုစာ ပေးပို့ လို့ ရပါတယ်
ဆရာတော်ကြီးတွေကလည်း ရှင်းပြဖို့ 
အဆင်သင့်ရှိကြပါတယ်
အခုတော့ fb မှာ
ဝေဘန်တာထက်ပိုတဲ့ အသုံးအနုန်းတွေနဲ့ 
ပြစ်မှားနေလိုက်ကြတာများ
ဘုရား ဘုရား တောင် တမိပါရဲ့
အချိန်မှီ ပြင်ဆင်နိုင်ကြပါစေ

No comments:

Post a Comment