Wednesday, June 15, 2016

အသက်သက်လွတ်စားခြင်း

အသက်သက်လွတ်စားခြင်း
-----------------------
ဆိုးကျိုး
တမင်းမမြိန်ပါ အသားဓာတ်မရရှိပါ ကုသိုလ်ရသည်
ထင်နေသော်လည်းမည်သည့်ကုသိုလ်မှ မရပါ
အသိနည်းလျှင် ငါသက်သက်လွတ်စားတာတောင်
ကောင်းကေားင်းလုပ်မပေးဘူးဆိုပြီး ဒေါသထွက်ခြင်း
ဖြစ်ပြီး အကုသိုလ်ရှိနိုင်ပါသည်
လူတို့ ၏ အသက်တမ်း တက်ကပ်ဆုပ်ကပ်တွင်
အသင်္ချေယျတမ်းမှ တဖြေးဖြေးဆုတ်လာပြီး
အသက်တမ်း ငါးထောင်တမ်းအရောက်၌
လူတို့ သည်အသားငါးကို စတင်၍ စားသုံးကြသည်
ကောင်းကျိုး
အသားအရေကြည်လင်၏ ဒေါသနည်း၏
ဟင်းချက်စရာဖိုးအကုန်အကျသက်သာ၏
အသက်ရှည်၏ ကုသိုလ်မရသော်လည်း
ဆရာတော်ကြီးအများစုမှာ အသက်ကြီးလျှင်
အသက်သက်လွတ် စားသုံးကြကုန်၏
အသားငါးမစားသုံးလျှင် မိမိကို စောင့်ရှောက်
ကြကုန်သော ကိုယ်စောင့်နတ် အစရှိကုန်သော
ပုဂ္ဂိုလ်တို့ သည် စောင့်ရှောက်ခြင်းငှာလွယ်ကူ၏
ဝိသုဒ္ဓိမဂ်တွင် သုဿာန် ဓူတင်ဆောင်
ပုဂ္ဂိုလ်သည် ၎င်းနေ့ ၌ အသားငါးစားခြင်းမှ
ရှောင်ကြဉ်ရမည်ဟု ဖွင့်ဆိုထား၏ သုဿာန်ဓူတင်
ယူသောနေ့ တွင် အသားငါး စားထားပါက
နာနာဘာဝများ၏ နှောက်ယှက်မှု့ ခံရကြောင်း
ဖွင့်ဆိုထား၏ အင်းစိန်ထောင်တွင် အသားငါး
ကျွေးသောရက်၌ ထောင်သားများအား
တစ္ဆေသရဲများ ဝင်ရောက်ပူးကပ်ကြောင်း
လေ့လာမှု့ အရသိရ၏
ဝိဇ္ဇာများ ကိုယ်စောင့်နတ်များသည် အသားငါး
စားသုံးထားလျှင် အနားသို့ မကပ်နိုင်သဖြင့်
အသက်သက်လွတ်စားခြင်းကိုနှစ်သက်ကြကုန်၏
ကမ္ဘာပေါ်တွင် ဒေါသအကြီးဆုံးတိရစ္ဆန်မှာ
ကျားဖြစ်ပြီး အကြောက်တက်ဆုံးမှာ သမင်ဖြစ်၏
ကျားသည်အသားသာစား၍ သမင်သည်
မျက်သာစားသည် အသက်သတ်လွတ်စားသုံးသူသည်
တဖြေးဖြေးဒေါသနည်းလာပြီး အသားငါးစား
သုံးသူသည်တဖြေးဖြေး ဒေါသကြီးလာ၏
ကောင်းမှု့ နှင့်ဆိုးမှု့ ယှဉ်လျှင် ကောင်းကျိုးရှိမှု့ 
ကများသဖြင့် မိမိတက်အားသမျှ အသက်သက်လွတ်ကို
စားသုံးသင့်၏

 

No comments:

Post a Comment