---------------------------
မင်းတုန်းမင်း လက်ထက်က
သန်းခေါင်စာရင်းကောက်တာ
လူဦးရေ ၁၅ သန်း
ရဟန်းသံဃာ ၇ သိန်း
၂၀၁၂ ခုနှစ်မှာ လူဦးရေ သန်း ၅၀ နီးပါး
ရဟန်းသံဃာ ၆ သိန်း
၂၀၁၅ ခုနှစ်မှာ လူဦးရေ သန်း ၅၀ ကျော်
ရဟန်းသံဃာ ၅ သိန်း
၃ နှစ်အတွင်းမှာ တသိန်းကျော်လျော့သွားတာဟာ
တုန်လှုပ်စရာကောင်းပါတယ်
အဲဒါ ဘာ့ကြောင့်လည်း
ရဟန်းသံဃာတွေ ဘာ့ကြောင့်
သာသနာ့ဘောင်မှာမပျော်တာလည်း
ဘကဘုန်းကြီးကျောင်းတွေမှာ မိဘမဲ့ခလေး
တွေအများကြီးပဲ စောင့်ရှောက်ထားရတယ်
မိန်းမမရှိပဲ ခလေးအဖေဖြစ်နေရတဲ့
ဆရာတော်ကြီးတွေရဲ့ဘဝဟာ
အင်မတန်ပင်ပမ်းဆင်းရဲလှပါတယ်
ဖခင်တယောက်က သားသမီးဘယ်လောက်များ
များ အလုပ်ပိုကြိုးစားရင် သားသမီးတွေကို
ဝလင်အောင်ကျွေးနိုင်တယ်
သူများလှူတာနဲ့ ခွဲခြမ်းစိတ်ဖြာပြီး မျှတအောင်
ကျွေးနေရတဲ့ ဆရာတော်ကြီးတွေရဲ့ ဘဝ ဟာ
ဘယ်လောက်ပင်ပမ်းမလဲတွေးကြည့်ပေါ့
ဒါတောင် အထင်သေးခံ အဝေဖန်ခံ ပြီး ပြုစု
ပျိုးထောင်နေရတာ
စာဝါလိုက်နေတဲ့ ရဟန်းတော်တွေရဲ့ အခတ်အခဲ
တွေကို ဖြေရှင်းပေးဖို့  သူတို့ ဆီကို လှူတန်းဖို့ 
တနှစ်လုံးနေတောင် ဘယ်နှစ်ခါများ စိတ်ကူးဘူး
ကြလဲ လှူဘူးကြလည်း
ဒါဟာ မိမိကိုယ်ကိုယ်
ပြန်မေးရမဲ့မေးခွန်း
မြန်မာပြည်မှာ ဆင်းရဲသားတွေ တနှစ်ထက်တနှစ်
များလာတယ် နိုင်ငံဟာ အဆင်းရဲဆုံး အဆင့် ၁၂
ဖြစ်နေတာဟာ ဘာ့ကြောင့်လည်း
ခေါင်းဆောင်တွေရဲ့ သာသနာတော်ကို ချီးမြှောက်
ထောက်ပံ့မှု့ နည်းသလို ပြည်သူတွေရဲ့ သဒ္ဓါတရားမရှိမှု့ကလည်း နည်းပါးလို့ ပါပဲ
နိုင်ငံ့ခေါင်းဆောင်တွေရော ပြည်သူတွေရော
မပြင်ဘူးဆိုရင် တနှစ်ထက်တနှစ် ရဟန်းသံဃာ
ဦးရေဟာ နည်းသထက်နည်းလာပြီး ဘာသာ
သာသနာအတွက် စိုးရိမ်စရာအခြေအနေပါ ပဲ
အိမ်ထောင်စုတစုမှာ အုပ်ထိမ်းတဲ့ဖခင်ဟာ အိမ်ထောင်စုကို တာဝန်ကျေလောက်တဲ့
အရည်အချင်းမရှိဘူး ဆိုရင် ကျန်တဲ့ သားသမီး
တွေက အပြစ်ပဲထိုင်ပြောနေမလား
သားသမီးတွေ တက်ညီလက်ညီနဲ့  ရှာဖွေရင်ရော
မိသားစုကိစ္စမပြေလည်နိုင်ဘူးလား
အစိုးရမကောင်းတာတွေချည်းပဲ ထိုင်ပြီးအပြစ်
ပြောနေမဲ့အစား မိမိကလည်း တာဝန်သိပြည်သူ
တယောက်အနေနဲ့ ကိုယ်စီ ကိုယ်စီ တာဝန်ယူ
နိုင်မယ်ဆိုရင်တော့ဖြင့် အနည်းနဲ့ အများတော့
သက်သာရာ ရကြပါလိမ့်မယ်
ကိုယ်ကလည်း ထိုက်သင့်တဲ့ လုံ့ လဝိရိယ သဒ္ဓါ
တရားလေးတော့ ထုတ်ပြီးကာကွယ်ကြပါ
မြန်မာနိုင်ငံအရာရာနိမ့်ကျတာ
အစိုးရနဲ့ ဆိုင်တာ မှန်ပါတယ်
ဒါပေမဲ့
ကိုယ်နဲ့ လည်း
နဲနဲလေးတော့ ဆိုင်လိုက်ပါ
ကိုယ်လည်း မြန်မာနိုင်ငံသား
ဖြစ်နေတာပဲလေ
ပညာရေးမကောင်းတာ အစိုးရကြောင့်ဆိုတာ
မှန်ပါတယ်
ဒါပေမဲ့
ပညာရှိဖြစ်ဖို့ ကတော့
အစိုးရနဲ့ မဆိုင်ပါဘူး
မိမိနဲ့ ပဲ ဆိုင်တာပါ
အစိုးရက
စာမဖတ်ရဆိုတဲ့ ဥပဒေ ထုတ်ထားတာမှမဟုတ်ပဲ
စာဖတ်ဖို့ က ကိုယ့်အပေါ်ပဲ
မူတည်တာပါ
လူကောင်းရင် မူကောင်းလာပါလိမ့်မယ်
အသုံးမကျတဲ့ ဖခင်ကိုချည်းပဲ
အပြစ်ထိုင်ပြောနေရင်တော့
ကျန်တဲ့သူတွေ ပိုပြီး ဒုက္ခရောက်ကုန်လိမ်မယ်
သားတယောက်သေလို့ ပူဆွေးသောကရောက်
နေတဲ့မိခင်တယောက်ဟာ
နောင်ထပ်သားတယောက်က သေလောက်အောင်
ဝေဒနာဖြစ်နေပြီဆိုရင်တော့ မိခင်ဟာ ဒုတိယ
သားအတွက်ပဲ အာရုံစိုက်ထားသင့်ပါတယ်
အရာရာမှားယွင်းနေတဲ့ မြန်မာနိုင်ငံကို
ကယ်တင်မယ်ဆိုရင်တော့
ကိုယ်လိုချင်တာလည်း တောင်းဆိုပါ
ဖေါ်ထုတ်ပါ
နောက်ပြီး
မိမိတို့ ပြည်သူတွေကိုယ်တိုင်ကလည်း
တဦးချင်းစီပြင်သင့်တာ ပြင်ရပါလိမ့်မယ်
ဂိမ်းဆော့
အရက်ဆိုင်ထိုင်
လက်ဘက်ရည်ဆိုင်ထိုင်ပြီး
ကြားသမျှ မြင်သမျှ
အစိုးရကြောင့်ချည်း လွဲချနေရင်တော့ဖြင့်
မြန်မာနိုင်ငံဟာ
တနေ့ မှာ --------
-----------------
အဆင့် ၁၂ ကနေ
အဆင့် ၁ ကို ရောက်စရာအကြောင်းရှိပါတယ်

No comments:
Post a Comment