------------------
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဘုရားဖြစ်ဖို့ 
ပါရမီဖြည့်ရတဲ့ လေးအသင်္ချေ ကမ္ဘာတသိန်း
ကာလတွေမှာ ရဟန်းဘဝကို ၉ ကြိမ်ပဲရတယ်
ရဟန်းဘဝရဖို့  ဘယ်လောက်ခဲယာဉ်းလည်း
စဉ်းစားတာကြည့်ကြ
ဗာဟိရဒါရုစိရိယ ဟာ လူစင်စစ်ကနေ ရဟန္တာ
ဖြစ်တော့ ရဟန်းပြုခွင့်တောင်းပေမဲ့ တသံသရာလုံးသင်္ကန်းလှူဘူးတဲ့ကုသိုလ် မရှိ
ခဲ့တဲ့အတွက် ရဟန်းဝတ်ချင်ပေမဲ့ ဘုရားရှင်
ဧဟိဘိက္ခုခေါ်မရခဲ့လို့  လူ့ ဘဝနဲ့ ပဲ ပရိနိဗ္ဗါန်
ပြုခဲ့ရတယ်
ဧ ဟိဘိက္ခုဆိုတာ တရားထူး
တရားမြတ်ကို လူ့ ဘဝနဲ့ ရရှိတဲ့အခါ ဘုရားရှင်က
ဧဟိဘိက္ခူလို့ ခေါ်လိုက်တာနဲ့  ဝါ ၆၀ လောက်
ရတဲ့ မထေရ်ကြီးအသွင်ပြောင်းသွားတာကို
ခေါ်တာပါ အဲဒီလို လှူဖို့  သင်္ကန်းလှူဘူးတဲ့
ကုသိုလ်ရှိဘူးရမယ် ဗာဟိရ က မလှူဘူးခဲ့လို့ 
လူ့ ဘဝနဲ့ ပရိနိဗ္ဗါန် ပြုသွားရတယ်
အဲဒီကုသိုလ်မျိုးတွေ ရှိဖို့ က သာသနာနဲ့ ကြုံမှ
ဖြည့်ဆည့်ခွင့်ရတာပါ
အမျိုးသမီးများဟာလည်း ရဟန်းဘဝကို ဒီဘဝ
မရပေမဲ့ သင်္ကန်းလှူ ခဲ့ဘူးမယ်ဆိုရင် နောင်ဘဝ
တွေမှာ ယောက်ျားဖြစ်ပြီး ရဟန်းဘဝကို ရဖို့ 
အကြောင်းအထောက်အပံ့ပါပဲ သူတပါးသား
သမီးကို သာသနာ့ဘောင်သွင်းပေးတာ
ရဟန်းတေိာတွေကို သိမ်ထပ်ပေးတာတွေဟာ
အဲဒီရဟန်းဘဝရနိုင်တဲ့ ကုသိုလ် အထောက်အပံ့
တွေပါ ပဲ
ကဲ
အခု ဓမ္မမိတ်ဆွေတို့ 
ဘယ်ရဟန်းကိုသင်္ကန်းလှူချင်လည်း
ဘယ်ရဟန်းကိုသိမ်ထပ်ရဟန်းခံ ပြုပေးချင်လည်း
အချိန်မရွေးအဲဒီကုသိုလ်ရနိုင်တယ်
အဲဒီကုသိုလ်ရရှိဖို့ 
နောင်ကမ္ဘာတသိန်း မမျှော်လင့်နဲ့ 
ရတုန်းယူထားကြ





No comments:
Post a Comment