---------------------------
လောကမှာ
ဓာတ်တူ နာမ်တူပဲစုကြတယ်
ဗုဒ္ဓက လောကကြီးဟာ စိတ်ရဲ့အလိုအတိုင်းပဲ
ဖြစ်ပေါ်နေတာတဲ့
ကမ္ဘာပေါ်မှာရှိကြတဲ့သူတွေအားလုံး
မိစ္ဆာဒိဋ္ဌိကများပြီး သမ္မာဒိဋ္ဌိက နည်းနေတယ်
ဒါ့ကြောင့် နေရာတိုင်းမှာ အမြဲတမ်းမကောင်းနိုင်ပဲ
အဆိုးတွေနဲ့ သာ ဒွန်တွဲနေလေ့ရှိတယ်
ဗုဒ္ဓတရားတော်တွေကို ထိတွေ့ ခွင့်ကံမပါခဲ့ကြ
လို့ လည်း ကမ္ဘာကြီးဟာ ကံဆိုးမိုးမှောင်ကျနေတာဆိုရင် ဘယ်သူများ
လက်ခံနိုင်ပါ့မလဲ အဲဒီလိုအယူလွဲသူတွေ များပြားနေလို့ လည်း သာသနာတော်ကို
တိုးတတ်အောင်မစွမ်းဆောင်နိုင်ကြပဲ သာသနာ
အထွန်းကားဆုံးမြန်မာနိုင်ငံဟာ အမိုက်ရိုင်းဆုံး
အကြမ်းတမ်းဆုံး ဖြစ်နေကြတာပဲပေါ့
သာသနာတော်ကိုထွန်းကားအောင်စွမ်းဆောင်
နိုင်တဲ့ ခေါင်းဆောင်မျိုးမပေါ်တာဟာ
အဲဒီလိုကြောင့်ပါပဲ
မြန်မာနိုင်ငံကို တိုးတက်အောင် စွမ်းဆောင်
နိုင်မဲ့ ခေါင်းဆောာင်တွေဟာ
သေရင်သေ မသေရင်ဒုက္ခရောက်ရမယ်
အားလုံး အသိပါပဲ
မသူတော်တွေ များပြားနေချိန်မှာ သူတော်ကောင်း
တွေ အကြောင်းအမျိုးမျိုးနဲ့  ဒုက္ခရောက်ကြရတယ်လေ
ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ
ဒါကို အသိဆုံးပါ
ဆိုးညစ်တဲ့ကံတွေကြောင့်
ကယ်တင်ရှင်ဆိုတာ မပေါ်ပေါက်ခဲ့ပါဘူး
အခု
သာသနာတော်ဟာ အပြီးအပိုင် ပျက်စီးတော့မဲ့
အခြေအနေကို ရောက်လာတော့လည်း
ဒီအခြေအနေဆိုးကနေ လွတ်မြောက်လာပါပြီ
တကယ်တာ့
တကမ္ဘာလုံးကို ကယ်တင်နိုင်စွမ်းရှိတဲ့ ဗုဒ္ဓဘာသာ
အထွန်းကားဆုံး မြန်မာနိုင်ငံဟာ
ဒီကနေ့ အခြေအနေကို မဖြစ်မနေ ဖြတ်သန်း
ရမှာပါ လေးအသင်္ချေကမ္ဘာတသိန်းပေးဆပ်
ထားတဲ့ ဘုရားရှင်ရဲ့ သာသနာတော်ဟာ
သာမန်နဲ့ တော့မပျက်စီးနိုင်သေးပါဘူး
ကျွတ်တမ်းဝင်မဲ့သူတွေ အများကြီးကျန်ပါသေးတယ်
အပြီးအပိုင် မကွယ်နိုင်သေးပါဘူး
ပြည်သူတွေ အမုန်းတရားတွေကြောင့်
အပြစ်တင်ဆဲဆို အကောင်းမမြင်နိုင်ကြပေမဲ့
ဒီကနေ့ 
ခေါင်းဆောင်တွေဖြစ်တဲ့
ဦးဝီရသူ
ဒေါ်အောင်ဆန်းစုကြည်
သမ္မတဦးသိန်းစိန်
ကာကွယ်ရေးဦးစီးချုပ်တွေဟာ
တကယ်တော့
မြန်မာနိုင်ငံအတွက်
အဆိုးဆုံးအခြေအနေတွေကနေ
အကောင်းဆုံးဖြစ်အောင်
ထိမ်းသိမ်းနိုင်စွမ်းရှိသူ တွေပါပဲ
ဆရာတော် ဦးဝီရသူလည်း သူ့နေရာနဲ့ သူ
လိုအပ်သလို
ဒေါ်အောင်ဆန်းစုကြည်ဟာလည်း
သူ့ နေရာနဲ့ သူ လိုအပ်တာပါပဲ
သမ္မတ ဦးသိန်းစိန် နဲ့ ကာချုပ်ဟာလည်း
ဒီကနေ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေ
အတွက် လိုအပ်လို့  ပေါ်လာကြသူတွေပါ
ုဖြစ်ချင်တိုင်းဖြစ်နေတဲ့ မြန်မာနိုင်ငံ
နှစ်ပေါင်းများစွာနိမ့်ကျနေတဲ့ မြန်မာနိုင်ငံဟာ
ခဏလေးနဲ့ တော့ မျက်လှည့်ပြသလို
အရာရာ ကောင်းမလာနိုင်ပါဘူး
ဒါပေမဲ့
မကြာခင်မှာ
ဦးမော့လာပါလိမ့်မယ်
ဘာသာမပျောက်ဖို့ နဲ့ 
ကမ္ဘာနဲ့ ရင်ဘောင်တန်း နိုင်ဖို့ 
ဦးဝီရသူနဲ့ 
ဒေါ်အောင်ဆန်းစုကြည်က
တာဝန်ယူပါလိမ့်မယ်
အခုအခြေထက် ပိုပြီးမဆိုးရွားဖို့ 
ဦးသိန်းစိန်နဲ့ ကာချုပ်က
တာဝန်ယူပါလိမ့်မယ်
တကယ်တော့
သူတို့ တွေအားလုံးဟာ
အသက်တွေ ကြီးနေကြပါပြီ
ဘယ်သူမှ ရေရှည်မအုပ်ချုပ်နိုင်တော့ပါဘူး
မကြာတော့မဲ့ ကာလမှာ
သာသနာတော်အတွက်ရော
နိုင်ငံအတွက်ပါ
ကြီးကျယ်ခမ်းနားတဲ့ သူတယောက်
ပေါ်လာပါလိမ့်မယ်
အခု ယဉ်ကျေးလိမ်မာသင်နေတဲ့
ခလေးတွေရဲ့ ဘုန်းကံနဲ့ ညီမျှတဲ့
သာသနာပြုမင်း ဟာလည်း
မကြာတော့မဲ့ အချိန်မှာ
ပေါ်လာမယ်ဆိုရင်
လူတွေ ယုံကြည်နိုင်မယ်မထင်ဘူး
တကယ်တော့
အခု မြန်မာ့အရေးကို
တာဝန်ကျရာကနေဦးဆောင်နေသူတွေဟာ
သာမန်လူတွေမဟုတ်ပါဘူး
တဦးချင်းစီဟာလည်း
သီလ သမာဓိ ပညာနဲ့ 
ပြည့်စုံကြသူတွပါ
မစော်ကားကြပါနဲ့ 
မြန်မာနိုင်ငံဟာ
မုန်တိုင်းထန်နေတဲ့ အခြေအနေမျိုးနဲ့ 
ကြုံတွေ့ နေရလို့ ပါ
မုန်တိုင်းထန်တဲ့အခါ
အနည်းနဲ့ အများတော့
ပျက်စီးကြပါလိမ့်မယ်
မပါအောင်တော့
ဂရုစိုက်ကြပါ
ဒီအခြေအနေဆိုးကို
ကျော်လွန်ပြီးရင်တော့
အရာအားလုံး
လှပ လာပါလိမ့်မယ်
အခု သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ
စတဲ့ အရိယာလျောင်းလျာ တွေ နတ်ပြည်
ဗြဟ္မာ့ပြည်ကနေ လူ့ ပြည်ကို အများကြီးရောက်
ရှိနေကြပြီ သူတို့ တွေရဲ့ အရဟတ္တမဂ် အရဟတ္တဖိုလ် ရဲ့အစွမ်းနဲ့  ကမ္ဘာကြီးငြိမ်းချမ်း
လာပြီး သာသနာတော်မြတ်ကြီး နေလို လလို
ထင်ရှားလာဦးမှာပါ (ဝိပဿနာ တကမ္ဘာလုံးကို
ပြန့် နှံ့ခြင်းနဲ့  ခလေးသူငယ်များ ယဉ်ကျေးလိမ္မာ
သင်နေကြတာဟာ သူတို့ ရောက်ရှိလာဖို့ 
အကြောင်းတရားပါပဲ)
မြန်မာနိုင်ငံဟာ
ဗုဒ္ဓတရားတော်တွေရဲ့အစွမ်းနဲ့ 
ကမ္ဘာကြီးကို ကယ်ကြရမှာပါ
မြန်မာပြည်သူပြည်သားများ
အေးချမ်းနိုင်ကြပါစေ
စည်းလုံးနိုင်ကြပါစေ
ဦးမြင့်ခိုင်

No comments:
Post a Comment