Friday, June 17, 2016

ဗုဒ္ဓဘာသာ ပီသပါစေ

ဗုဒ္ဓဘာသာ ပီသပါစေ
------------------------
ဗုဒ္ဓရဲ့ ဝါဒဟာ အရာရာကို ကျိုးကြောင်းဆင်ခြင်ပြီး
ဥာဏ်နဲ့ သုံးသပ်ရတဲ့ ဝါဒ ပါ
သူတပါးကို မေတ္တာထားနိုင်တဲ့ ဝါဒ
သူတပါးကောင်းစားတာကို ဝမ်းမြောက်ရမယ်
သူတပါးပျက်စီးတာကို မေတ္တာထားနိုင်ရင်ထား
ဂရုဏာထားနိုင်ရင်ထား အဲဒီလိုမှ မထားနိုင်ရင်
ဥပေက္ခာ သာ ထားလိုက်
ဒါဟာ ဗုဒ္ဓအလိုကျ ဝါဒ ပါပဲ
အခု ရုရှားက ဆီးရီးဟား ကို တိုက်ခိုက်လို့ 
လူတွေအစုလိုက် အပြုံလိုက် သေကြေပျက်စီးနေကြတာ မြင်ရတော့
ဗုဒ္ဓဘာသာအများစုဟာ အားပေးတာ
ဝမ်းမြောက်တာကို တွေ့ နေရတော့
တခုခု လွဲနေသလိုပဲ
သူတပါး ပျက်စီးတာ
ဝမ်းသာတာဟာ ဗုဒ္ဓအလိုကျ
ုဖြစ်မယ်မထင်ပါဘူး
ပျက်စီးချိန် တန်လို့  ပျက်စီးနေတာကို
ဓမ္မသဘောနဲ့  မြင်အောင်ကြည့်နိုင်မယ်ဆိုရင်
ကုသိုလ်ရသလို သံဝေဂ ဥာဏ်လည်း ဖြစ်ပါတယ်
အရာရာဟာ
ကံဇာတ်ဆရာအလိုကျပါ
သူ့ သဘော သူဆောင်တယ်လို့ ပဲ
သဘောထားပြီး
ဥာဏ်မျက်လုံးနဲ့ မြင်နိုင်မယ် ဆိုရင်
အကုသိုလ်မတက်နိုင်သလို
ဗုဒ္ဓအလိုကျ ဖြစ်လိမ့်မယ် ထင်ပါတယ်
သူတပါး ပျက်စီးတာကို
ဝမ်းသာအားရဖြစ်နေတာဟာ
မိမိမှာ လွန်စွာမှ အကုသိုလ် ကြီးလှပါတယ်
ရဟန်းတော်များဆိုရင်
ပိုပြီးတော့တောင် ဂရုစိုက်သင့်လှပါတယ်
တကယ်တော့
ကမ္ဘာလောကဓာတ်ကြီးဟာ
လူတွေရဲ့ စိတ်အတိုင်းဖြစ်နေတာပါတဲ့
ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်နေကြတာပါ
ဘယ်သူတဦးတယောက်မှ
ဝမ်းသာလို့ ပဲ ဖြစ်ဖြစ်
ဝမ်းနည်းလို့ ပဲ ဖြစ်ဖြစ်
ကံတွေက ပြောင်းလဲမသွားပါဘူး
မေတ္တာသာ ထားလိုက်ပါ
မေတ္တမထားနိုင်ရင်
ဥပေက္ခာသာ ထားလိုက်ပါ
သူ့ သဘောနဲ သူ
ဖြစ်ပျက်နေတာပါ
ကြားထဲကနေ
အကုသိုလ်မယူကြပါနဲ့ 
မနောကံ ရဲ့
အကျိုးအပြစ်ဟာလည်း
မသေးလှဘူးဆိုတာ
ဗုဒ္ဓဘာသာဝင်မှန်ရင်
နားလည်ထားကြပါတယ်
ဗုဒ္ဓရဲ့ ဝဋ်ကြွေးတော် ၁၂ ပါးမှာ
တခါတရံ ခေါင်းခဲ ခေါင်းကိုက် တက်တဲ့တခုပါပါတယ်
အဲဒါ
သူများ ငါးတွေထုသတ်နေတာကို
ဘေးကနေကြည့်ပြီး
ဝမ်းမြောက်ခဲ့လို့ တဲ့
သဘောပေါက်ပေါ့
 

2 comments:

  1. Myo Chit Thu ခေါ် Kyaw Myo Aung ပါ
    လေးစားပါတယ်ဆရာ

    ReplyDelete
  2. Myo Chit Thu ခေါ် Kyaw Myo Aung ပါ
    လေးစားပါတယ်ဆရာ

    ReplyDelete