----------------
ဘုရားတရားလုပ်တဲ့အခါမှာ ရည်ရွယ်ချက်က
ဘာရဖို့  ညာရဖို့ ဆိုပြီး ဦးတည်ချက်တွေ
ရှိနေတက်ပါတယ် လိုချင်မှု့ ပါနေတဲ့အတွက်
အဲဒီကုသိုလ်ရေးဟာ ကံပျက် (အဟောသိကံ)ဖြစ်
တက်ပါတယ် နိဗ္ဗါန်ကို လိုချင်စိတ်နဲ့ ပြုမှသာ
လိုချင်တဲ့အရာကို ရတာပါ နိဗ္ဗါန်လိုချင်တာဟာ
လေဘ မဟုတ်ပါဘူး ဆန္ဒပါ သူက အေးချမ်းပါတယ်
နိဗ္ဗါန်မဟုတ်တဲ့ ဆန္ဒတခုခုပါနေရင်တော့
ပျက်ဆီးတက်ပါတယ်
ကမ္ဘာ့ နိုင်ငံပေါင်း ၁၀၀ ကျော်ကို သာသနာပြုခဲ့တဲ့
ဦးဂိုအင်ကာဟာ သူ့ ရဲ့ခေါင်းကိုက်ရောဂါပျောက်ဖို့ 
အတွက် ဆရာကြီးဦးဘခင်ရိပ်သာမှာ ၁၀ ရက်
တရားပတ် စဝင်ခဲ့တယ် ရောဂါကလည်း
တကမ္ဘာလုံးပတ်ပြီးကုတာတောင် မပျောက်တဲ့ရောဂါ
စဝင်ပြီး သိပ်မကြာခင်မှာပဲ ပင်ပမ်းတဲ့ဒဏ်ကို
မခံနိုင်လို့ ထွက်ပြေးဖို့ ကြိုးစားခဲ့တယ် သူ့ ကို
ဆရာကြီးဆီခေါ်လာတော့ ဆရာကြီးဦးဘခင်က
မေးတယ်
တပည့် မင်းသိကြားစက်ထောင်မယ်ဆိုရင်
အဓိက က ဘာလို ချင်တာလည်းလို့ မေးတော့
သိကြားခိုချင်လို့ ပါ လို့ ဦးဂိုအင်ကာက ပြန်ဖြေခဲ့တယ်
ကောင့်းပြီ သကာရော မရနိုင်ဘူးလားလို့ 
မေးတော့ သကာလည်း ရမှာပါ လို့ ပြန်ဖြေခဲ့တယ်
ဟုတ်တယ် မင်းသာ သိကြားစက်ထောင်ရင်
မင်းလိုချင်တဲ့သကြားလည်းရမယ် မင်းမလိုချင်ပေမဲ့
သကာရော ရလိမ့်မယ် လို့ ဆရာကြီးက ဆုံးမတယ်
မင်း ခေါင်းကိုက်ပျောက်ချင်လို့ တရားဝင်တာဆိုရင်
ပျောက်မှာမဟုတ်ဘူး မင်းနိဗ္ဗါန်လိုချင်စိတ်နဲ့ သာ
တရားအားထုတ်ပါ မင်းရောဂါပျောက်ဖို့ က
သကြားနဲ့ သကာ လိုပဲလို့  ဆုံးမတော့မှ
ဆရာကြီးဦးဂိုအင်ကာလည်း သဘောပေါက်သွားကာ
နိဗ္ဗါန်လိုချင်စိတ်နဲ့ အားထုတ်လိုက်တော့မှ
ကမ္ဘာပတ်ကုလို့ မပျောက်တဲ့ ခေါင်းကိုက်ရောဂါဟာ
တရားပတ်ပြီးတယ်ဆို့  လုံးဝပျောက်ကင်းသွားခဲ့ပြီး
ဗုဒ္ဓသာသနာတော်ကို ပြန့် ပွားအောင် ကြိုးစား
နိုင်ခဲ့တယ်
ပြောချင်တာက
ကောင်းမှု့ တခုခုပြုပြီဆိုရင်
ခံစားမှု့ တခုခုကို မျော်လင့်မဲ့အစား
လွတ်မြောက်မှု့ တခုခုကို မျော်လင့်ပါ
တကယ်တော့
သာသနာတော်ရဲ့ လျို့ ဝှက်ချက်က
လိုချင်ရင်မရဘူး
မလိုချင်မှ ရတာပါ

No comments:
Post a Comment