--------------------------
ရဟန်းတော်တွေ fb သုံးတာ အာပါတ်သင့်တယ်
မသုံးသင့်ဘူးဆိုပြီး တွေ့ နေရပါတယ်
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဝိနည်းပညတ်တဲ့
အခါ ကြိုတင်ပြီးပညတ်လေ့မရှိပါဘူး အကြောင်း
တိုက်ဆိုင်မှသော်၎င်း အကျိုးမဲ့ ဖြစ်မှသော်၎င်း
သတ်မှတ်ခဲ့တာပါ နောင်ပြီး မိမိရဲ့စိတ်ထားအပေါ်
မှာလည်းမူတည်ပါတယ်
ရဟန်းတပါးအိပ်နေတာကို မိန်းမတယောက်က
အပေါ်ကနေ ကာမ ဆက်ဆံခဲ့တယ် ရဟန်းတော်က နိုးမှသိတယ် ဒါကို ဘုရားရှင်ကို
လျှောက်တဲ့အခါ ချစ်သား သာယာမိသလားတဲ့
တပည့်တော်သိတောင်မသိလိုက်ပါဘူးဘုရား
ဆိုတော့ ဒါဆိုရင် ပါရာဇိက မကျဘူး တဲ့ စိတ်က
မသာယာလို့ 
တကယ်တော့ လောကီပညာရပ်ဆိုတာ
အချိန်တိုအတွင်း အကျိုးရှိအောင်
အများကြီးစွမ်းဆောင်နိုင်တယ်
ပိဋကတ်သုံးပုံတွေကို အရင်က အာဂုံဆောင်ပြီး
ထိမ်းသိမ်းထားကြတယ် အဲဒီကနေ ပေထက်အက္ခရာတင်တယ် နောက်ပြီး ကျောက်ထက်အက္ခရာတင်တယ် ဟော အခု
သိပ္ပံပညာရပ်ထွန်းကားလာတော့ အကုန်လုံးကို
စက်ပစ္စည်းသေးသေးလေးထဲမှာ သိမ်းထားနိုင်
ကြတယ် ဘူ့ လောကရဲ့ကိစ္စမှန်သမျှကို
သိပ္ပံက များစွာ အထောက်အကူပြုစေခဲ့တယ်
ပြောချင်တာက
တီဗွီတို့  ဖုန်းတို့ ကို အပျော်အပါးမက်တဲ့စိတ်နဲ့ 
မသက့်တော် မလျှော်တဲ့ အကြောင်းကိစ္စတွေ
ကြည့်ရှု့ရင်တော့ ရဟန်းတော်တွေ အာပတ်သင့်
တာမှန်တယ် ဒါပေမဲ့ သာသနာတော်အတွက်
ရည်စူးပြီးသော်၎င်း တရားဓမ္မအတွက်သော်၎င်း
အသုံးပြုတာဆိုရင်တော့ အပြစ်မဖြစ်ပါဘူး
တရားဓမ္မတွေကို fb ကနေ ဖြန့် ဝေတာဟာ
လွယ်ကူပြီး ထိရောက်လှတယ် ဒီကိစ္စအတွက်
အသုံးပြုချင်ရင် ပြုနိုင်တယ် ဒါဟာလည်း
ခေတ်နဲ့ လျှော်ညီစွာ သာသနာပြုနေတာပါပဲ
ခုခေတ်မှာ ဗုဒ္ဓတရားဓမ္မသက်သက်သင်ယုံနဲ့ 
သာသနာပြုရတာခတ်ခဲတယ် အင်္ဂလိပ်လိုအပြင်
အခြားဘာသာတွေပါ တတ်တဲ့အခါ သာသနာပြုရ
တာပိုပြီးလွယ်ကူတယ် ဒါ့ကြောင့်လည်း အမြှော်
အမြင်ရှိတဲ့ဆရာတော်ကြီးများဟာ ရဟန်းတော်
တွေကို နိုင်ငံရပ်ခြားလွှတ်ပြီး ပညာရပ်တွေသင်ယူစေခဲ့တာပါ
ဒီနေ့ ခေတ်အခြေအနေက အလြားဘာသာတွေနဲ့ 
ယှဉ်လိုက်ရင် ဗုဒ္ဓဘာသာဟာ အဆမတန်နည်းပါး
လှတယ် ဗုဒ္ဓဘာသာဝင်အင်အားများလာဖို့ ခေတ်မီပညာရပ်တွေနဲ့  ခေတ်မီတဲ့နည်းစနစ်တွေကို အသုံးပြုတာဟာ
သာသနာတော်အတွက်ထိရောက်လှပါတယ်
မြန်မာနိုင်ငံမှာ စာတတ်ပေတတ်ရဟန်းတော်
များဖို့ အရေးကြီးသလို ပြည်ပကို ထိရောက်အောင်သာသနာပြုဖို့ ကလည်း
အင်မတန်အရေးကြီးလှတယ်
ဒါ့ကြောင့် ရဟန်းတော်များ fb သုံးပြီးသာသနာ
ပြုတာဟာ သဘာဝကျသလို ဖြစ်လည်းဖြစ်သင့်တယ်
မကောင်းတာလုပ်ပြီး မကောင်းတာကြည့်ရင်တော့
ရဟန်းတော်တွေ မှ အာပတ်သင့်တာမဟုတ်ဘူး
လူတွေလည်း အကုသိုလ် တိုးပွားတာပါပဲ
ရဟန်းတော်များကို ဝေဘန်နေမဲ့အစား
တက်ညီလက်ညီနဲ့  သာသနာပြုရင်
ဗုဒ္ဓဘာသာဟာ ခဏလေးနဲ့ ဦးမော့လာပါလိမ့်မယ်
တကယ်တော့
သုံးစွဲတဲ့သူရဲ့
စိတ်အပေါ်ပဲ
မူတည်တာပါ လို့  ပြောပါရစေ
ဦးမြင့်ခိုင်

No comments:
Post a Comment