👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍
တစ်ချိန်တုန်းက ကမ္ဘာ့မီဒီယာလောကမှာရော့ ဘာသာရေး လောကမှာရော့
နာမည်ကျော်ကြားခဲ့သည့် ရဟန်းတော်တစ်ပါးကတော့ အမေရိကန် နိုင်ငံ Annapolis ၊ ယခုလက်ရှိ ဓမ္မသုခ စင်တာ (Dhammasukha Meditation Center) တွင် တရားပြနေတဲ့ ဆရာတော် ဘဒ္ဒန္တ ၀ိမလရံသီ ဆရာတော်ဖြစ်ပါတယ်။
ဒီဆရာတော်သည် တစ်ချိန်က သိက္ခာတော်ရ ခရစ်ယာန်ဓမ္မဆရာတော်
တစ်ပါးအဖြစ်နာမည်ကြီးခဲ့ပါတယ်။ သူဟာ ခရစ်ယာန်ဓမ္မကျောင်းကို
ဗုဒ္ဓဘာသာဘုရားကျောင်း အဖြစ်ပြောင်းလဲပြီး မိမိကိုယ်တိုင်လည်း
ဗုဒ္ဓဘာသာရဟန်းတော် တစ်ပါးအဖြစ် အတိုက်အခံများကို သည်းခံခြင်း၊
စည်းရုံးခံရခြင်း စသည်များကို ကျော်ဖြတ်ခဲ့ရပါတယ်။
ခုဆိုလျှင် ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးအဖြစ်နဲ့ သီတင်းသုံး နေလာခဲ့သည်မှာ နှစ်ပေါင်း (37) တောင်ရှိနေပါပြီ။
ခုဆိုရင် နိုင်ငံတကာကြွပြီး မိမိသိထားသည့် ဗုဒ္ဓရဲ့ခန္ဓာတရားများကို
လက်တွေ့ကျကျ ဟောကြားလျှက်သီတင်းသုံးနေထိုင်နေပါတယ်။






No comments:
Post a Comment