Thursday, June 16, 2016

ငြင်းစရာမလိုအောင်

ငြင်းစရာမလိုအောင်
-------------------
ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာတိုင်း လူမျိုးတိုင်း
မိမိတို့ ဘာသာ အကောင်းဆုံးဆိုတာတော့
ပြောဆိုနေကြတာပဲ ကိုယ့်ဘာသာကျယ်ပြန့် 
အောင်လည်း ဆောင်ရွက်ကြတာပါပဲ
ဒါလည်းမှန်ပါတယ်

ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် အစ္စလာမ်ပဲဖြစ်ဖြစ်
ခရစ်ယာမ် ပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာ တမျိုးတည်းပဲ
ရှိမယ်ဆိုရင် ပြဿနာမရှိပါဘူး တမျိုးတည်း
ကျန်အောင်ပဲ ဘာသာတိုင်းက အမျိုးမျိုးအားထုတ်
နေကြတာပါ
ဒီအထိမှန်ပါတယ်
တမျိုးတည်းကျန်ရင် ဘာမှ ပြဿနာ မဖြစ်တော့ပါဘူး
ဒါပေမဲ အခုက ဘာသာမျိုးစုံ လူတန်းစားမျိုးစုံ ရှိပါတယ်
အဲဒီတော့ ငါ့ဘာသာ အကောင်းဆုံးပဲ ဆိုပြီး
တဘက်သတ်ဆန်စွာ ပြောဆိုလို့ မရတော့ပါဘူး
ဘာဖြစ်လို့ လည်းဆိုတော့ လူတိုင်းက ကိုယ့်ဘာသာအကောင်းဆုံးလို့  သတ်မှတ်ထား
ကြလို ပါပဲ
ကဲ ဒီတော့
အဲဒီပြဿနာဖြေရှင်းဖို့  ဘာသာတိုင်းက လက်ခံလောက်တဲ့ အဆိုတခုတော့
တင်သွင်းသင့်တယ်
ဘာသာမျိုးစုံမှာ ဘာသာရေးနဲ့ ပါတ်သတ်တဲ့
ပညာရှင်တွေ များစွာရှိပါတယ် အဲဒီဘာသာမျိုးစုံကပညာရှင်တွေစုပြီး ဘာသာမျိုးစုံကို နှံ့ စပ်အောင်လေ့လာစေရမယ်
မိမိတို့ ရဲ့ ဘုရားတွေ ဘာတွေဟောခဲ့တယ်ဆိုတာ
လူတန်းစားမျိုးစုံသိအောင် ဘာသာမျိုးစုံသိအောင်
ထုတ်ပြန်ပေးရမယ် ဘာသာတိုင်းက စိတ်ဝင်စားတဲ့သူတွေ လေ့လာလို့ ရအောင်
ဘာသာတိုင်းကို တကမ္ဘာလုံးကလူတွေ လေ့လာ
ခွင့်ရအောင် စီစဉ်ပေးရမယ်
ဒါဆိုရင်
လူသားတိုင်း ဘာသာတိုင်းက
လက်ခံနိုင်တဲ့ အဖြေတခုတော့ ရလိမ့်မယ်
ကဲ
အဲဒီအဆိုကို လက်မခံနိုင်ဘူးဆိုရင်
အဲဒီဘာသာဟာ
မစစ်မှန်လို့ ပဲ
ဘာသာမျိုးစုံက ဝတ်စုံတွေ ဝတ်ပြီး
ဓာတ်ပုံရိုက်ယုံနဲ့ ကတော့
ငြိမ်းချမ်းရေးမရနိုင်ဘူ
ဘုရားတွေကြောင့်မဟုတ်ဘူး
အဲဒီဘုရားတွေဆုံးမထားတဲ့ တရားတွေကြောင့်
လွဲချော်နေကြတာ
ဒါ့ကြောင်း
ဘုရားတိုင်းရဲ့ တရားတွေကို
လူတိုင်း လေ့လာခွင့်ရအောင်
စီစဉ်ပေးရမယ်
အမှားအမှန်ကို
ပရိတ်သတ်က ဆုံးဖြတ်ပေးလိမ့်မယ်
ကဲ
ဘယ့်နှယ့်လည်း
ဦးမြင့်ခိုင်

 

No comments:

Post a Comment