Wednesday, June 15, 2016

ဗုဒ္ဓဘာသာ၏ အဓိကပန်းတိုင်

ဗုဒ္ဓဘာသာ၏ အဓိကပန်းတိုင်
-----------------------
ဗုဒ္ဓဘာသာသည် စိတ်ကူးယဉ်တွေးတောကြံဆပြီး
တီထွင်ထားသည့် လမ်းစဉ်မဟုတ်သလို
ပူဇော်ပွဲအခမ်းအနားများနှင့် ရွတ်ဖတ်သရဇ္ဈယ်ရသော
လမ်းစဉ်လည်းမဟုတ်ပါ

ဗုဒ္ဓဘာသာသည် ကုသိုလ်တရားကိုယုံမှားသံသယ
မရှိသလို တယူသန်ဝါ ကိုလည်း စွဲယူထားခြင်း
မရှိပါ
ဗုဒ္ဓဘာသာသည် မိမိကိုယ်ကို အကျိုးကင်းမဲ့စွာ
နှိပ်စက်ညှင်းပမ်းခြင်းမပြုသလို မိမိ၏ ရမ္မက်
ကျေနပ်မှူ့ အတွက် ကာမဂုဏ်လိုက်စား
ခြင်းကိုလည်း အားမပေးပါ
ဗုဒ္ဓဘာသာသည် အဆိုးမြင်ဝါဒမဟုတ်သလို
အကောင်းမြင်ဝါဒလည်းမဟုတ်ပါ
ထာဝရတည်မြဲခြင်းဝိဥာဏ်ရှိသည်ဟူသော
သဿတဒိဋ္ဌိ မဟုတ်သလို သေလျှင်ပြတ်သည်ဟု
ယူဆထားသော ဥစ္ဆေဒဒိဋ္ဌိလည်းမဟုတ်ပါ
ဗုဒ္ဓဘာသာဆိုသည်မှာ အရိယသစ္စာလေးပါးကို
ထိုးထွင်းသိမြင်၍ မဂ်ညဏ်ဖိုလ်ညဏ်ကို
ရရှိစေသော အတုမရှိသည့် လမ်းစဉ်သာဖြစ်သည်

 

No comments:

Post a Comment