-------------------------------
သတ္တဝါဟု မခေါ်ဆိုထိုက်ပေ သားမျိုးရုပ်ဟူ၍သာ
အသိအမှတ်ပြုအပ်၏ မည်သည့်အကြောင်းကြောင့်
မှဖြစ်ပေါ်ခြင်းမဟုတ်ပေ
အမှန်အားဖြင့် မူလတည်ရာကိုယ်မှ လွတ်ထွက်
သွားပြီးသော ထိုသုတ်များမှာ ဥတုကြောင့်ဖြစ်သော
ဥတုဇရုပ်သက်သက်သာဖြစ်၏ သို့ သော် ပဋိသန္ဓေတည်မည့်
သူငယ်၏ အဆင်းလှခြင်းမလှခြင်း ကျမ္မာခြင်း
မကျမ္မာခြင်းစသည့် တို့ ၏ အခြေခံလည်းဖြစ်သောကြောင့်
သတ္တဝါတို့ ၏ အသုံးအဆောင် ဥယျဉ်ဗိမ္မန်
စသည်ကဲ့သို့ ကမ္မပစ္စယ ဥတုဇရုပ်ဟူ၍လည်း
ဆိုအပ်သေး၏ ပဋိသန္ဓေနေမည့်သူ၏ ကံအကြောင်း
အားလျှော်စွာ ဥတုကြောင့်ဖြစ်သောရုပ်ဟုဆိုအပ်ပေ၏
သတ္တဝါမဟုတ်သဖြင့် သေစေသော်လည်း
ပါဏာတိပါတ ကံမထိုက်ပေ
မဟာစည်ဆရာတော်

No comments:
Post a Comment