----------------
သားသမီးအပေါ်ကို ဂရုမစိုက်ရုံနဲ့  တာဝန်
မကျေရုံနဲ့ တော့ မချစ်ဘူးထင်ရင် အမှားကြီးမှားတဲ့
မှားယွင်းမှု့ ပါပဲ
နိုင်ငံတနိုင်ငံ စီးပွားရေးချွတ်ခြုံကျရင် သားသမီးတွေကိုလုပ်ကျွေးရတဲ့မိဘတွေဟာ
သားသမီးစားဝတ်နေရေးအတွက် ပင်ပမ်းတယ်
အနီးကပ်မစောင့်ရှောက်နိုင်ဘူး အသိဥာဏ်နည်းပါးတဲ့
မိဘတွေဟာ စိတ်ညစ်တဲ့ဒဏ်မခံနိုင်လို့ 
အရက်သောက်ပြီးစိတ်ဖြေရာကနေ သားကျွေးမှု့ 
မယားကျွေးမှု့ မစွမ်းနိုင်တော့ဘူး ဒါဟာ
သားသမီးကို မချစ်လို့ မဟုတ်ဘူး အရက်က
အနိုင်ယူသွားလို့  အထူးသဖြင့် မြန်မာနိုင်ငံလို
မျိုးမှာအဲဒီလိုမိဘတွေ အများကြီးပါပဲ
ပညာတက်တဲ့သားသမီးတွေက အဲဒီကိစ္စကို
ဖြည့်ကြည့်တက်ဖို့ လိုပါတယ်
ကိုယ်ဝန်ရှိပြီလို့ သိလိုက်ရတဲ့ အချိန်ကစပြီး
မိဘတွေသေတဲ့အထိ သားသမီးတွေရှင်သန်ဖို့ 
အမြဲကြိုးစားရတယ် ကိုယ်ဝန်တည်စဉ်ကလလရေကြည်
ဘဝကစပြီး အပူအစပ်ရှောင်ရာကစလို့ 
ပညာသင်ချိန် ကိုယ့်လမ်းကိုယ်လျောက်နိုင်တဲ့အထိ
မိဘတွေကဖြည့်ဆည်းပေးရတာ
အသိဥာဏ်ကင်းပမဲ့ပြီး အရက်ရဲ့ကျေးကျွန်
ဖြစ်ခဲ့သည့်တိုင် သူတို့ မစွမ်းနိုင်ပေမဲ့ သားသမီး
ကောင်းစားစေချင်တဲ့ဆန္ဒကတော့ မိဘတိုင်းမှာ
ရှိတယ်ဆိုတာ အသက်နဲ့ ထပ်ပြီးလောင်းရဲတယ်
တခုတော့ရှိတယ်
အရင်ဘဝတွေမှာတဦးနဲ့ တဦးရန်ငြိုးရှိခဲ့ဘူးပြီး
ဒီဘဝမှာ သားအမိ ဖြစ်ခဲ့ဘူးရင်တော့ သားသမီးနဲ့ 
မိဘဟာ အမြင်မကြည်မလင်ဖြစ်တက်တယ်
ပိဋကတ်တော်ထဲမှာ အဲဒီလိုအဖြစ်အပျက်
တခုရှိတယ် ဘဝတိုင်းတရောက်နဲ့ တရောက်
အငြိုးတွေနဲ့ သတ်ခဲ့ကြလို့ နောက်ဆဲုံးဘဝမှာ
သားအမိလာပြီးတော်စပ်ခဲ့ကြတယ် အဲဒီကလေးဟာ
မိဘလက်နဲ့ ထိတိုင်းငိုနေလို့ ဘုရားရှင်ကို
လျှောက်တော့မှ အကြောင်းစုံသိရပြီး မိဘဖြစ်သူက
သူဟာ မိဘဖြစ်နေတဲ့အတွက် ဘယ်လိုနည်းနဲ့ မှ
မသတ်ပါဘူးဆိုပြီးကတိပေးမှ ပြေလည်သွားတယ်
မိဘနဲ့ သားသမီးအတိက်မှာ ရန်ကြွေးရှိခဲ့ရင်တောင်
လက်ရှိဘဝမှာ မွေးကျေးဇူးတခုတည်းနဲ့ 
အကုန်လုံးကိုပြည်ဖုံးကားချလို့ ရပါတယ်
သံသရာမှာ အမေမတော်ဘူးသူမရှိခဲ့ပါဘူး
တဦးနဲ့ တဦးမတော်ဘူးတဲ့ဆွေမျိုးမရှိခဲ့ပါဘူး
ဒါ့ကြောင့် မိဘဖြစ်ချိန်မှာမသေအောင်မွေးလိုက်ပြီ
ဆိုတာနဲ့ မိဘဘက်က မိဘတာဝန်ကျေသွားပါပြီ
ကိုယ်က သားသမီးဖြစ်တဲ့အချိန်မှာတော့
မိဘဘယ်လောက်ပဲဆိုးတယ်ပြောပါစေ
တာဝန်မကျေဘူးပြောပါစေ သားသမီးတာဝန်
ကျေဖို့ ကတော့ သားသမီးတိုင်းရဲ့တာဝန်ပါပဲ
ရှင်းရှင်းလေးပါ
မချစ်ခဲ့ဘူးဆိုရင်
မမွေးခင်ကတည်က
သတ်ပစ်လို့ ရနေတာပဲ
ဘာဖြစ်လို့  ဒုက္ခခံပြီး မွေးနေဦးမှာလည်း
သားသမီးတိုင်း မိဘများအပေါ်
အမြင်ကြည်လင်နိုင်ကြပါစေ

No comments:
Post a Comment