-----------------------------
အင်္ဂုလိမာလ လက်ညှိုးတွေဖြတ်တော့
လူတွေက ရက်စက်တယ်လို့ စွပ်စွဲကြတယ်
တကယ်တော့
သူဖြတ်ခဲ့တဲ့ လက်ညှိုးတွေက သူ အဿတိုးတောင်
ပြိတ္တာဖြစ်စဉ်က လူတွေက ဒီတောင်ကြီးက
လှီးပြီးချက်စားလို့ ရတယ် လို့ လက်ညှိုးနဲ့ 
လမ်းညွန်သူတွေရဲ့ လက်ညှိုးတွေကို ဖြတ်တာပါ
စဉ်းစားကြည့်ပေါ့ ကံမကောင်းလို့ ပြိတ္တာဖြစ်နေတဲ့
ကြားထဲကို လူတွေက သူ့ အသားကိုလှီးကြတယ်
ဆိုတော့ ဘယ်လောက်ဆိုးရွားလိုက်လဲ
စလုပ်တဲ့သူနဲ့ ပြန်လုပ်တဲ့သူ ဘယ်သူက
မတရားတာလဲ သူများအသားကိုလှီးဖြတ်တုံးကတော့
ကျေနပ်နေကြတယ် ကိုယ့်လက်ညှိုးအဖြတ်ခံရမှ
ရက်စက်လိုက်တာတဲ့
အင်း-----မတရားသလိုပဲ
ဒါနဲ့ ပါတ်သတ်လို့ စဉ်းစားမိတာက
ကျွန်တော်တို့ တတွေ မင်းဆိုးမင်းညစ်နဲ့ တွေ့ ပြီး
စိတ်ဆင်းရဲနေကြရတာဟာ အတိတ်ဘဝတုံးက
ကိုယ်ဘုရင်ဖြစ်ခဲ့တဲ့အချိန်မှာ ဘယ်လောက်ထိ
စိတ်ဆင်းရဲအောင်လုပ်ခဲ့လဲမှ မသိတာ
သံသရာဆိုတာ အရှည်ကြီးပါ မရဘူးတဲ့ဘဝလည်း မရှိခဲ့ပါဘူး ဘုရင်ဖြစ်တဲ့
ဘဝပေါင်းကလည်းမရေမတွက်နိုင်အောင်
ဖြစ်ခဲ့ဘူးကြပါတယ်
ဘယ်သူမပြု မိမိမှူ့ တဲ့
ကိုယ်လုပ်လို့ ကိုယ်ခံရတယ်ပဲသဘောထားပြီး
ကြွေးတကြွေးကျေတယ်လို့ နှလုံးသွင်းကြတာပေါ့
ဒါမှလည်း
သက်သာရာ ရမှာလေ----------

No comments:
Post a Comment