Friday, June 24, 2016

သူတပါးစွပ်စွဲခံရလျှင်

သူတပါးစွပ်စွဲခံရလျှင်
-----------------
ဘုရားရှင်လက်ထပ်တော်အခါက သားတော်
ရာဟုလာနဲ့ ရှင်သာရိပုတြာကိုယ်တော်မြတ်ကြီးတို့ ရဲ့
ကောင်းသတင်းတွေကို ဘုရားရှင်မကြာခဏ
ချီးမွမ်းတော်မူလေ့ရှိတယ်

ဆုံးမမှူ့ ကို နာခံတက်သူအဖြစ် ရှင်သာရိပုတြာ
ကိုချီးမွမ်းသလို သည်းခံနိုင်သူအဖြစ် သားတော်
ရဟုလာကိုချီးမွမ်းလေ့ရှိတယ်
ဘုရားရှင်ဟာ ရှင်သာရိပုတြာကို ဆူပြီးနှင်ထုတ်တယ်
ပြီးတော့ သာရိပုတြာ ငါဘုရားဆူပြီးနှင်ထုတ်စဉ်က
သင့်စိတ်ထဲ ဘယ်လိုခံစားရသလဲလို့ မေးတော့
ရှက်သာရိပုတြာကပြန်ဖြေတယ်
အရှင်ဘုရား သူတော်ကောင်းကြီးများ၏
ဆိုဆုံးမမှူ့ သည် အလွန်ရနိုင်ခဲသောဆုလာဘ်
ကြီးဖြစ်ပါသည် ထို့ ကြောင့်အခွင့်သင့်တိုင်း
ဆိုဆုံးမခံချင်ပါသည်ဘုရား လို့ လျှောက်တော့
ဘုရားရှင်က ငါ့သားသာရိပုတြာလို နှလုံးသွင်ကြဆိုပြီး ရဟန်းတွေကို ဆုံးမတော်မူတယ်
သားတော်ရာဟုလာကလည်း သည်းခံမှူ့ 
ဂုဏ်သတင်းနဲ့ ကျော်ဇောနေတော့ အခြားရဟန်း
တော်တွေက သူလာမဲ့လမ်းမှာ အမှိုက်တွေကြဲချပြီး
သူ့ ကိုပြောတယ် ရာဟုလာ ဒီအမှိုက်တွေက
အသင်ကြဲချတာမလား လို့ ဆိုတော့ ရာဟုလာက
သူမလုပ်ပါဘူးလို့ မပြောပဲ လက်အုပ်လေးချီပြီး
မှန်လှပါ တပည့်တော် ကြုံးလိုက်ပါ့မယ်ဘုရားဆိုပြီး
အမှိုက်တွေကိုကြုံသတဲ့
ဒါ့ကြောင့်ဘုရားရှင်က ရှင်သာရိပုတြာနဲလ့
ရာဟုလာကဲ့သိုကျင့်ရမယ်လို့ အမြဲဆုံးမတော်
မူခဲ့ပါတယ်
တကယ်တော့ ကိုယ့်အပေါ်ကို မကောင်းပြောတဲ့သူ
မမှန်တာပြောတဲ့သူကိုပြန်ပြီး ပြောတယ်
ပြန်ပြီးလက်တုန့် ပြန်တယ်ဆိုတာဟာ
ကျွန်တော်တို့ တတွေရဲ့စိတ်ထဲမှာကိုက
မလိုလားအပ်တဲ့စိတ်ဖြစ်တဲ့ မခံချင်စိတ်က
ကိန်းဝပ်နေလို့ ပါပဲ
ဒါန သီလ သမထ ဘာဝနာဟာ အချိန်မရွေး
ပြုလုပ်လို့ ရပါတယ် ဒါပေမဲ့ သည်းခံမှူ့ ဆိုတာတော့
ကိုယ့်အပေါ်မကောင်းတဲ့သူရှိမှဖြစ်တာပါ
ဒါ့ကြောင့် ကိုယ့်အပေါ်မကောင်းတဲ့သူရှိမှ
ရနိုင်တဲ့သည်းခံမှူ့ ကို လက်မလွတ်ကြပဲနဲ့ 
မကောင်းတဲ့သူကို ကိုယ့်ရဲ့ခန္ဓီပါရမီဖြည့်ပေးတဲ့
ကျေးဇူးရှင်အဖြစ် မြင်နိုင်ကြမယ်ဆိုရင်
ကျွန်တော်တို့ မိတ်ဆွေတို့ ရဲ့ဘဝဟာ
ဘုရားရှင်ချီးမွမ်းခံရတဲ့ ဘဝမျိုးတွေ
ဖြစ်ပါလိမ့်မယ်ဆိုတာ သေချာပါတယ်
ခန္ဓီပါရမီကို အရယူနိုင်ကြပါစေ
'''

 

No comments:

Post a Comment