---------------------------------
ဒီဘဝမှာ ချမ်းသာဖို့ အတွက် ကံ ဥာဏ် ဝိရိယ
သုံးခုလုံးပြည့်စုံရပါမယ်
လူတိုင်းလူတိုင်းဟာ သံသရာမှာ ပြုလုပ်ခဲ့ဘူးတဲ့
ကုသိုလ် အကုသိုလ်တွေဟာ အများကြီးပါ
အတိတ်ကပြုလုပ်ခဲ့တဲ့ ကောင်းမှု့ကံ မကောင်းမှု့
ကံတွေဟာ ဒီဘဝမှာ ဝင်ရောက်အကျိုးပေးတတ်
ပါတယ်
ဒီဘဝမှာ ကောင်းမှု့ကုသိုလ်များများပြုလုပ်
သူများဟာ အတိတ်က ပြုလုပ်ခဲ့တဲ့ ကောင်းမှု့
တွေရဲ့ အကျိုးကျေးဇူးများကို ပြန်လည်ဖေါ်ထုတ်
သလိုဖြစ်ပြီး ထိုက်သင့်တဲ့ ဥာဏ်နဲ့  ဝိရယ ပေါင်းစပ်ခါ အောင်မြင်မှု့များ ရ ရှိခဲ့ကြပါတယ်
ကောင်းမှု့ကုသလိုလ် ပြုလုပ်ခြင်းမရှိသူများကတော့ ဥာဏ်နဲ့ ဝိရိယ
အကျိုးလောက်သာ ဒီဘဝမှာ ရ ရှိကြမှာဖြစ်ပါတယ်
မကောင်းမှု့ပြုသူများကတော့ အတိတ်ကပြုလုပ်
ခဲ့တဲ့ မကောင်းကျိုးများ ပြန်လည်အကျိုးပေးသ
ဖြင့် ဒီဘဝမှာ ဥာဏ် ဝိရိယ အကျိုးလောက်သာ
ရ ရှိတဲ့အပြင် အတိတ်ကမကောင်းကံများရဲ့
အကျိုးပေးမှု့ကြောင့် ရ ရှိထားတဲ့ စည်းဇိမ်ဥစ္စာ
များလည်း ပြန်လည်ဆုတ်ယုတ်တတ်ပါတယ်
တကယ်တော့ ဥာဏ်ဝိရိယအကျိုးက ဒီဘဝရဲ့
အောင်မြင်မှု့ဖြစ်ပြီး ကုသိုလ်ကတော့ အတိတ်က
ကောင်းမှု့တွေကိုပြန်လည် ဖေါ်ထုတ်ြ့ခင်းပါပဲ
အောင်မြင်ချင်ရင်တော့
ကံ ဥာဏ် ဝိရိယ သုံးခုလုံး ပြည့်စုံအောင်
ကျိုးစားရပါလိမ့်မယ်
ဒါ့ကြောင့်
မာန်လည်ဆရာတော်ကြီးက
ဒီလိုဆုံးမခဲ့ပါတယ်
ကံဟု မူလ သမ္မဗ္ပုဒ တို့ 
ဟောပြသည်မှာ အရင်းသာရှင့်
သုခပွားရန် ဤလူ့ ထံ၌
ဥာဏ်ဝိရိယ ပယောဂ တည့် တဲ့
ဓမ္မမိတ်ဆွေများ
အတိတ်ကံများကို
ပြန်လည်ဖေါ်ထုတ်စားသုံးနိုင်ကြပါစေ

No comments:
Post a Comment