----------------------
ဗြဟ္မာ့ပြည်က အပ်တစ်စင်းချ လူ့ပြည်က အပ်တစ်စင်းထောင် အဲဒီနှစ်ခု ထိပ်တိုက်ဖို့ က
လွယ်သေးသတဲ့ လူ့ ဘဝရဖို့  သာသနာနဲ့ 
ကြုံဖို့ က ဒီထက်ခတ်သတဲ့
သမုဒ္ဒရာထဲက မျက်မမြင်လိပ်ကန်းကြီးဟာ နှစ်တစ်ရာကြာရင် ရေပေါ်တစ်ခါပေါ်တယ်
သမုဒ္ဒရာထဲမှာလည်း မျောချင်ရာမျောနေတဲ့ တံပိုးတုံးအပေါက်တစ်ခုကလည်း ရှိတယ်
နှစ်တစ်ရာတခါပေါ်တဲ့ လိပ်ကန်းဦးခေါင်းနဲ့  တံပိုးတုန်းအပေါက်နဲ့  စွပ်နိုင်သေးတယ်
၃၁ ဘုံသားတွေအနက်က လူ့ ဘုံရောက်ဖို့ က
ဒီထက်တောင်ခက်သတဲ့
လူ့ ဘဝ ရလာတာတောင် နိုင်ငံပေါင်း ၂၁၀ကျော်
ထဲက သာသနာအထွန်းကားဆုံး မြန်မာနိုင်ငံမှာ
လူဖြစ်နေပြီ
ဘာသာကြီးလေးခုမှာ သန်းပေါင်း ၇၀၀၀ကျော်အနက်က အနည်းငယ်မျှသာရှိတဲ့
ဗုဒ္ဓဘာသာဝင်ဖြစ်နေပြီ
ဗုဒ္ဓဘာသာဝင်ဖြစ်တာတောင် သာသနာအထွန်းကားဆုံး မြန်မာနိုင်ငံမှာ
ဖြစ်နေပြီ
ဟိုအရင်ကဆိုရင် ဝိပဿနာတရားရှာဖို့ 
အင်မတန် ခဲယဉ်းလှတယ် လယ်တီ မဟာစည် မိုးကုတ် ဆရာတော်ကြီးများ နောင်ပိုင်းမှသာ ဝိပဿနာတရားတော်တွေကို စိတ်ကြိုက်အားထုတ်ခွင့်ရကြတာ
ဒါနခေတ် သီလခေတ်တွေတုန်းက အလှူအတန်းလုပ်ယုံ
သီလဆောက်တည်ယုံလောက်ပဲ ရနိုင်တယ်
အခု
ဝိပဿနာ ထွန်းကားတဲ့ ခေတ်
ပရမတ်သံ တကျော့ပြန်တဲ့ခေတ်ကို
ရောက်နေပြီ
မဂ်ဖိုလ်အရသာကို ပြန်လည်စားသုံးခွင့်ရပြီး
တရားထူး တရားမြတ်တို့ကို လှိုင်လှိုင်ကြီး
ပြန်လည်ရရှိတဲ့ခေတ်
ကဲ
ဒီလောက်ထိ ကံကောင်းနေပါလျှက်
ဝိပဿနာတရားတော်တွေကို
မကျင့်သုံးဘူးဆိုရင်တော့
သာသနာပ ရောက်နေပြီ လို့သာ
ကိုယ့်ကိုကိုယ် သတ်မှတ်ကြပေတော့
ဘာဖြစ်လို့ လည်းဆိုတော့
ဒါန သီလ သမထ ဟာ ဘုရားရှင်မပွင့်ပေါ်လည်း
ကျင့်သုံးခွင့် ရနိုင်ကြပြီး ဘုရားရှင်ပွင့်မှာသာ
ဝိပဿနာတရားတော်တွေကို ကျင့်သုံးခွင့်ရ ရှိကြ
ပါတယ်
မိတ်ဆွေတို့ လည်း
သာသနာတွင်းကုသိုလ်ကို
အရ ယူနိုင်ကြပါစေ
ဦးမြင်ခိုင်

No comments:
Post a Comment