~~~~~~~~~~~
ခုဇ္ဇုတ္တရာဟာ ကျွန်နဲ့တူတယ်လို့ ပြော
မိတာလေးနဲ့ ဘဝငါးရာအမျိုးယုတ်တဲ့ ကျွန်ဘဝနဲ့ ပြန်ပေးဆပ်ရတယ်။ အရူး
နဲ့တူတယ်လို့ ပြောမိရုံလေးနဲ့ ဘဝ
ဆက်တိုင်း အရူးဘဝနဲ့ ပေးဆပ်ရတာ
ပိဋကတ်သုံးပုံထဲမှာရှိတယ်။
ကျွန်သားရဟန်းနှုတ်ထွက်ကြမ်းတယ်လို့ ပြောမိတာနဲ့ သေတော့ ငရဲကျ လူ ဖြစ်တော့လည်း အမျိုးယုတ်တဲ့ ဘဝ
တွေမှာ ကျင်လည်ခဲ့ရပြီး နောက်ဆုံး ဘဝ ရဟန္တာဖြစ်တာတောင် အရင်
ဘဝတောင်အထုံတွေပါလာလို့ တွေ့ သမျှလူတွေကို လူယူတ်လို့ခေါ်မိလို့ ဘုရားရှင်က ရဟန္တာကြီးဟာ ယုတ်ညံ့တဲ့ အထုံပါလာလို့ တွေ့သမျှ သူယုတ်လို့ ခေါ်တာပါလို့ ဖြေရှင်းပေးမှပြေလည်ခဲ့ ရတယ်။
ကချေသည်နဲ့ တူတယ်လို့ စွပ်စွဲမိလို့ နောက်ဆုံးရဟန္တာဖြစ်မယ့် ဘဝမှာ တောင် ကချေသည်ဘဝနဲ့ ပေးဆပ် ပြီးမှ ရဟန္တာဖြစ်သွားကြတဲ့ ဇနီးမောင် နှံရဲ့ ဘဝတွေ ပိဋကတ်တော်ထဲမှာ ရှိတယ်။
ဒါဆိုရင် အခုရဟန်းသံဃာတော်တွေ ကို ပြစ်ပြစ်နှစ်နှစ် ဝေဖန် ပုတ်ခတ် ပြောဆိုနေကြတာတွေဟာ အကျိုး
ပေးချိန်တန်လို့ အကျိုးပေးတော့မယ် ဆျိုရင် ဘုရား ဘုရား ဘုရား.......

No comments:
Post a Comment