Wednesday, June 15, 2016

စိုးရိမ်မိတယ်

စိုးရိမ်မိတယ်
---------------
ဗုဒ္ဓက လွဲမှားနေသူတွေကို ပြင်ဖို့  ဆုံးမနည်း( ၄ ) နည်းနဲ့  ဆုံးမနိုင်တဲ့အကြောင်း မြင်းထိမ်းသည် ကို ဟောကြားတယ်
၁ - ချော့လို့  ရတဲ့သူကိုချော
၂ - ချော့လို့ မရတဲ့သူကို ခြောက်
၃ - ခြောက်လို့ မရတဲ့သူကို ရိုက်
၎ - ရိုက်လို့ မရတဲ့သူကို သတ်ပစ် (သတ်ပစ်ဆိုတာ
ဥပေက္ခာပြုခြင်းကို ခေါ်သည် )
လူတွေကို ဆုံးမတဲ့အခါ မြင်းတွေကို ဆုံးမတဲ့အတိုင်းပဲ အဲဒီနည်းလေးနည်း နဲ့ 
ဆုံးမရတဲ့အကြောင်း ဟောထားတယ်
လောကီ လူ့ ဘောင်မှာလည်း အဲဒီနည်းအတိုင်း
ကျင့်သုံးတာ ပိုပြီး ထိရောက်ပါတယ်
အခု
မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်များဟာ
ဘာသာခြားလူမျိုးတွေကို မေတ္တာထားပြီး
စည်းရုံးသိမ်းသွင်းတယ် အတူယှဉ်တွဲနေထိုင်ဖို့ 
ကြုးစားနေတာကိုမြင်တော့
ဗုဒ္ဓဘာသာခေါင်းဆောင်တွေရဲ့ မေတ္တာတရားကို
မချီးကျူးပဲ မနေနိုင်ပါဘူး
နိုင်ငံတကာ ခေါင်းဆောင်တွေကတော့
ဆုံးမခတ်လို့ ဆိုပြီး ဥပေက္ခာတရားကို အသုံးပြုနေ
ကြပြီ ဒုက္ခရောက်နေကြပေမဲ့ ဘယ်နိုင်ငံကမှ
မကူညီဘူး သူ့ နိုင်ငံ သူ့ လူမျိုးအချင်းချင်း
သူ့ ဘာသာအချင်းချင်းတောင် နံပါတ် ( ၄ ) ဆုံးမ
နည်းနဲ့  ဆုံးမနေကြတယ်
မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် မြန်မာ့ခေါင်းဆောင်
တွေကတော့ ဗုဒ္ဓသားတော် သမီးတော်များပီပီ
မေတ္တာတရားကြီးမားစွာနဲ့  လက်တွဲ ခေါ်နေကြတာပဲ
နံပါတ် ( ၁ ) ဆုံးမနည်းကို သုံးပြီး
လက်တွဲနေတာပါပဲ
ဒါပေမဲ့
နံပါတ်အရွေးမှားပြီး
ဆုံးမနေတာဆိုရင်တော့
မလွယ်လောက်ဘူး ထင်တယ်
နိုင်ငံ့ခေါင်းဆောင်တွေရဲ့
မေတ္တာတရားကို
ယုံကြည်ပေမဲ့
အဆုံးမခံရတဲ့သူဟာ
မေတ္တာတရားနဲ့ 
ရနိုင်ပါ့မလား ဆိုတာတော့
စိုးရိမ်မိတယ်
ဦးမြင့်ခိုင်

No comments:

Post a Comment