Friday, June 17, 2016

စိတ်ကူးတောင် မယဉ်နဲ့ 

စိတ်ကူးတောင် မယဉ်နဲ့ 
---------------------------
မြောက်ကျွန်းသူတွေဟာ ငါးပါးသီလကို
လုံခြုံစွာစောင့်ထိမ်းကြလို့စားဝတ်နေရေးမပူရခြင်း
သေသူအတွက်သောကမရောက်ရခြင်း
သေပြီနတ်ပြည်သို့ရောက်ရခြင်း အနှစ်တစ်ထောင်
အသက်တမ်းစေ့နေရခြင်းစတဲ့အကျိုးတွေရတယ်

မဟာသုဒသနစင်္ကြာမင်းကြီးဟာလေးကျွန်းစင်္ကြာလှည့်ပြီးငါးပါးသီလစောင့်ထိမ်းဖို့ဟောတယ်

ဓမ္မပါလဇာတ်မှာငါးပါးသီလစောင့်ထိမ်းကြလို့
ငယ်ငယ်ရွယ်ရွယ်နဲ့သေရိုးထုံးစံမရှိဘူးတဲ့
ဘိုးတော်မင်းလက်ထပ်မှာငါးပါးသီလစောင့်
ထိမ်းကြဖို့ အမိန့်တော်ပြန်တမ်းထုတ်တယ်
်မင်းတုန်းမင်းလက်ထပ်မှာမြို့ပြင်လေးရပ်
ဆင်တွေနဲ့လှည့်ပြီးနိုးဆော်တယ်
ကမ္ဘာကြီးပူလောင်ပြီး ကပ်ဘေးအမျိုးမျိုးဆိုက်နေ
တာက လူတွေငါးပါးသီလစတဲ့ ကိုယ်ကျင့်တရားတွေ မစောင့်ထိမ်းနိုင်ကြလို့ ဆိုတာ အသေအချာပါပဲ
အဲဒီအဖြေကို ကမ္ဘာကိုချပြရင်
ရယ်ကြလိမ့်မယ်
ပူတာ အေးတာ သဘာဝဘေးအန္တရယ်တွေဟာ
ဘုရားသခင်ကြောင့် ဆိုသူတွေက များတယ်
ကမ္ဘာကို သူတို့ ကကြီးစိုးထားတာ
သူတို့ တွေက ငြိမ်းချမ်းဖို့ ဆိုတာကို
ချိုးငှက်လွှတ်တာလောက်ပဲ သိတယ်
ထောက်ပြတော့လည်း
သူများဘာသာကို မဝေဖန်ပါနဲ့ တဲ့
သာသနာပြုမင်းအဆက်ဆက်က ပြည်သူတွေ
ငါးပါးသီလစောင့်ထိမ်းဖို့ ကို ဓမ္မစက်ရော
အာဏာစက်ပါ အသုံးပြုတာတွေ့ ရတယ်
မြန်မာနိုင်ငံက ခေါင်းဆောင်တွေ တာဝန်ရှိသူတွေ
ကလည်း ဒီကိစ္စကို ပြည်သူတွေကျင့်သုံးအောင်ထိထိရောက်ရောက်
ကိုင်တွယ်သင့်တယ်
တယောက်ကျင့်သုံးရင် တယောက်အေးချမ်းမယ်
တနိုင်ငံကျင့်သုံးရင်တနိုင်ငံ အေးချမ်းမယ်
တကမ္ဘာလုံးကျင့်သုံးရင် တကမ္ဘာလုံးအေးချမ်းမယ်
မြန်မာပြည်သူတွေ ကျင့်သုံးနိုင်အောင်စွမ်းဆောင်
ပေးသလို
တကမ္ဘာလုံးကလက်ခံလာအောင်လည်း
ဗုဒ္ဓဘာသာကို ကျယ်ပြန့် အောင် စွမ်းဆောင်
သင့်တယ်
အခုတော့
ရောယောင်ပြီး ချိုးငှက်ဝိုင်းလွှတ်နေကြတော့
ငြိမ်းချမ်းဖို့ ဆိုတာ
စိတ်ကူးတောင်မယဉ်နဲ့  လို့ 
ပြောချင်တယ်

No comments:

Post a Comment