Friday, June 17, 2016

ပရုပ်လုံး သာသနာ

ပရုပ်လုံး သာသနာ
----------------------
ကမ္ဘာပေါ်မှာ လူဦးရေသန်းပေါင်း ခုနစ်ထောင်ကျော်ရှိတယ်
ကမ္ဘာပေါ်မှာ အဓိကဘာသာကြီး လေးခုရှိပါတယ်
ခရစ်ယာမ် မူစလင် ဟိန္ဒူ သုံးဘာသာပေါင်းက
သန်းငါးထောင်ဝန်းကျင်ရှိတယ် ဗုဒ္ဓဘာသာက
သန်းခြောက်ရာကျော်ပဲရှိတယ်
အဲဒီသန်းခြောက်ရာကျော်ထဲက တကယ့်ထေရဝါဒစစ်စစ်က သန်း ၁၆၀ ကျော်ပဲ
ရှိတော့တယ်
ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဒ သာသနာတော်သုံးရပ်လုံးရဲ့ အဓိက တာဝန်ကို
ယူထားရတာက မြန်မာတစ်နိုင်ငံပဲရှိတော့တယ်
မြန်မာနိုင်ငံဟာ ဗုဒ္ဓသာသနာတော်အတွက်
အခြေခံအုပ်မြစ်ဖြစ်တယ်
ပြည်နယ် တိုင်း ဆယ့်လေးခုမှာ ကချင် ကရင်
ကယား ချင်း ပြည်နယ်တွေမှာက အဓိက ကြီးစိုး
နေတာက ခရစ်ယာမ်တွေဖြစ်တယ်
အဲဒီဒေသတွေမှာ ရှိတဲ့ ဗုဒ္ဓဘာသာဝင်အနည်း
ငယ်ဟာလည်း သာမန်မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ထက်မပိုဘူး
သာသနာတော်ရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ ရဟန်းသံဃာတော်တွေအများဆုံးရှိရာ
ရန်ကုန် မန္တလေး မော်လမြိုင် စတဲ့ အဓိက
မြို့ ကြီးတွေမှာ ကြီးစိုးနေတာက တရုတ်နဲ့  မူစလင် တွေဖြစ်ပြီး ဗုဒ္ဓဘာသာအတွက် ဘာမှ
အထောက်အပံ့မဖြစ်ဘူး
( မန္တလေးက ရဟန်းသံဃာအချို့ဟာ မြို့ပြင်ကို
ထွက်ပြီးဆွမ်းခံနေတာတွေ့ လို့  မေးကြည့်တော့
မြို့ထဲမှာက ဘာသာခြားတွေက ငွေနဲ့ ပေါက်ပြီး
ဝယ်ထားတော့ ဗုဒ္ဓဘာသာဝင်တွေက မြို့ပြင်ပြောင်းနေကြပြီ ဆွမ်းကွမ်းအတွက် တကယ်
လှူတာက ဗုဒ္ဓဘာသာတွေ ဒါ့ကြောင့် မြို့ပြင်ထွက်ပြီး ဆွမ်းခံနေရပြီ တဲ့ )
ရဟန်းသံဃာ ငါးသိန်းဝန်းကျင်ပဲ ရှိတယ်
တနှစ်ကို ခုနှစ်သောင်း နုန်း နဲ့ လျှော့ နေပြီ တဲ့
နိုင်ငံရေးအခြေအနေကြောင့် ရဟန်းသံဃာတော်
တွေကိုအမြင်မကြည်မလင်ဖြစ်ပြီး ဆွမ်းမလောင်းဘူး ဆိုသူတွေကလည်း ဒု နဲ့  ဒေး
ပင်ပမ်းဆင်းရဲလှတဲ့ ရဟန်းသံဃာတော်တွေကို
ဆွမ်းကွမ်းလှူဖို့ မစဉ်းစားပဲ ရဟန်းသံဃာဆိုတာ
ဘယ်လိုနေရတယ် ဘယ်လိုထိုင်ရတယ် ဆိုတဲ့
ခြင်ထောင်ထဲကနေ ဝိနည်းတွေရွတ်ပြနေသူတွေ
ကလည်း အမြောက်အမြားပဲ
ရုပ်ဝတ္တုလည်းတိုးတက် သာသနာတော်အတွက်
ထမ်းဆောင်ချင်ပေမဲ့ ဘာအထောက်အပံ့မှမရလို့ 
သော်၎င်း စာမေပွဲဖြေဖို့  အထောက်အပံမရှိတာတွေကြောင့်၎င်း လူထွက်
ချင်နေတဲ့ ရဟန်းတော်တွေကလည်း အများကြီး
သာသနံ နာမ ရာဇာနံ နိဿယ ပဝဍ္ဎတိ
သာသနာတော်အတွက် အုပ်ချုပ်သူမင်းရဲ့
အထောက်အပံလည်း လိုပါတယ် တဲ့
အရင်အစိုးရတုန်းက သာသနာတော်အတွက်
အထောက်အပံ့နည်းလို့ ရဟန်းသံဃာတော်တွေ
လျှော့နည်းခဲ့ရတယ် အခု နောက်တက်တဲ့
မင်းအစိုးရသည်လည်း ပထမ အစိုးရ ကဲ့သို့ 
သာသနာတော်ကို ဥပေက္ခာပြုသူ မဖြစ်ပါစေနဲ့ လို့
ဆုတောင်းပါတယ် ( အခု ရက်တစ်ရာ စီမံကိန်း
မှာတော သာသနာတော်အတွက်
မတွေ့ မိသလို ပဲ)
သာသနာတော် တိုးတက်ဖို့ အတွက်
သိပ်ပြီးအချိန်ဆွဲလို့ မရတော့ပါဘူး
ငါးသိန်းကို တနှစ်ခုနစ်သောင်း လျှော့တယ် ဆိုတော့ သိပ်မကြာတော့ဘူး
အော် - - -
ဗုဒ္ဓသာသနာတော်ကြီးလည်း
တဖြေးဖြေးနဲ့ 
ပရုပ်လုံး သာသနာ ဖြစ်နေပါပေါ့လား
ဦးမြင့်ခိုင်

 

No comments:

Post a Comment