•~•~•~•~•~•~•~•~•~•~•
ဘဝမှာ လက်တွဲဖော် အပေါင်းအသင်း၊ သူငယ်ချင်း စတဲ့မိတ်ဆွေစစ် မိတ်ဆွေကောင်းများကို လူသားတိုင်းက အလိုရှိပါတယ်။
ဒါပေမယ့် ဘယ်လိုလူက ပေါင်းသင်းအပ်တယ်၊ ဘယ်လိုလူမျိုးကို
မိတ်ဆွေစစ်အဖြစ် သတ်မှတ်ရမယ်ဆိုတာကို "မိတ်ဆွေစစ် အင်္ဂါ (၇) ချက် " နှင့် 
နှိုင်းယှဉ်ကြည့်ပြီးမှ ရွှေးချယ်၍ ပေါင်းသင်းအပ်ပါတယ်။
(၁)" ပေးနိုင်ခဲသော အရာကိုပေးခြင်း"
**********************
(သင်၏ အပေါင်းသင်း မိတ်ဆွေ တစ်ယောက်ယောက် သည် "သင့်အား ပေးရန် ခဲယဉ်းသော အရာကို ပေးဆပ် တတ်လျင် ထိုသူသည် သင့်အတွက် မိတ်ဆွေကောင်း ဖြစ်၏။")
(၂)" ခက်ရာခက်ဆစ် လုပ်ငန်းကို ကူညီလုပ်ကိုင်ပေးခြင်း"
*********************************
(သင်၏ အပေါင်းသင်း မိတ်ဆွေ တစ်ယောက်ယောက် သည် "သင့်အား လုပ်ပေးရန်ခဲယဉ်းသော ခက်ရာခက်ဆစ် လုပ်ငန်းကို ကူညီလုပ်ကိုင်ပေးလျှင် ထိုသူသည်လည်း သင့် အတွက် မိတ်ဆွေကောင်းဖြစ်၏။")
(၃)"သည်းမခံနိုင်တဲ့ အရာကို သည်းခံနိုင်ခြင်း"
***************************
(သင်၏ အပေါင်းသင်း သူငယ်ချင်း တစ်ယောက်ယောက် သည် " သင်၏ သည်းမခံနိုင်စရာ အကြောင်းကိစ္စအား ခွင့်လွှတ်သည်းခံပေးနိုင်လျှင် ထိုသူသည်လည်း သင့်အတွက် မိတ်ဆွေကောင်းဖြစ်၏။")
(၄)" ထိပ်တန်းလျှို့ဝှက်ချက်ကို ဖွင့်ပြောပြနိုင်ခြင်း"
******************************
(သင်၏ အပေါင်းသင်း မိတ်ဆွေ တစ်ယောက်ယောက် သည် "အကျိုးစီးပွားနှင့် ပတ်သက်သော အရေးကြီးကိစ္စ ရပ်ကိုဖြစ်စေ၊ လေးနက်သော လျှို့ဝှက်အပ်ရာ ကိစ္စတို့ကို ဖြစ်စေ သင့်အား ဆွေးနွေးတိုင်ပင်၏။ ထိုသူသည် သင့် အတွက် မိတ်ဆွေကောင်းဖြစ်၏။")
(၅)"သိက္ခာကျဖို့ ကြုံလာရင် ထိန်ချန်ပေးခြင်း"
***************************
(သင်၏ အပေါင်းသင်း မိတ်ဆွေ တစ်ယောက်ယောက် သည် " သင့်အား ဂုဏ်သိက္ခာကျစေနိုင်သော အကြောင်း ကိစ္စများကို ထိန်ချန်၍ ပြောဆို၏၊ လျှို့ဝှက်၍ ပြောဆို၏။ ထိုသူသည်လည်း သင့်အတွက် မိတ်ဆွေကောင်းဖြစ်၏။")
(၆)"ဒုက္ခရောက်လျှင် ပစ်မထားခြင်း"
*********************
(သင်၏ အပေါင်းသင်း မိတ်ဆွေ တစ်ယောက်ယောက် သည် "သင် အခက်ခဲဖြစ်နေလျှင်၊ ဒုက္ခရောက်နေလျှင် ဝိုင်းဝန်း ကူညီပေး၏။ မသိချင်ယောင်ဆောင်၍ပင် ပစ် မထားရက်ပေ၊ ထိုသူသည်လည်း သင့်အတွက် မိတ်ဆွေ ကောင်းဖြစ်၏။")
(၇)"စီးပွားဥစ္စာချို့တဲ့လျှင် အထင်မသေးခြင်း"
**************************
(သင်၏ အပေါင်းသင်း မိတ်ဆွေ တစ်ယောက်ယောက် သည် "သင်အား စီးပွားချို့တဲ့သောကြောင့် ဖြစ်စေ၊ ပညာ မတတ်သောကြောင့်ဖြစ်စေ၊ ဆင်းရဲမွဲတေ သောကြောင့် ဖြစ်စေ သင့်ကို အထင်သေးခြင်းမရှိ ခင်မင်လေးစား၏။ ထိုသူသည်လည်း သင့်အတွက် မိတ်ဆွေကောင်း ဖြစ်၏။")
- " ဓမ္မမိတ်ဆွေတို့" အကယ်၍များ မိမိအပေါ်မှာ ထိုကဲ့သို့ ပေးဆပ်တတ်သော အပေါင်းအသင်း သူငယ်ချင်းများတွေ့ခဲ့ရင် သူ့ကို သင့်ရဲ့မိတ်ဆွေကောင်း ၊ မိတ်ဆွေစစ် အဖြစ် သင့်ရင်ထဲမှာ ထည့်ထားလိုက်ပါ။
ထိုကဲ့သို့သော မိတ်ဆွေကောင်းများကို မဆုံးရှုံးပါစေနဲ့။ လူသားဆိုတာ အမှားနဲ့မကင်းပါဘူး၊ တစ်ခါတစ်လေမှာ သူ့အမှား ကိုယ့်အမှားဆိုတာရှိပါတယ်။ ဒီသဘောလေးတွေကိုလည်း နားလည်ခွင့်လွှတ်ပေးကြပေါ့။ ဒီသဘောလေးကိုမှ နားလည်မပေးနိုင်ခဲ့ရင် မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းတွေကို ဆုံးရှုံးတတ်ပါတယ်။
- ဓမ္မမိတ်ဆွေများအားလုံး မိတ်ဆွေစစ်၊ မိတ်ဆွေကောင်း များနှင့် ပေါင်းသင်းခွင့်ရကြပါစေ ••
- ရာဟုလာ

No comments:
Post a Comment