Tuesday, June 14, 2016

နှစ်ခါမရှုံးစေနဲ့ 

နှစ်ခါမရှုံးစေနဲ့ 
----------------
တကမ္ဘာလုံးမှာ သဘာဝဘေးအန္တရယ်တွေ
ကျရောက်ပြီး လူတွေဒုက္ခရောင်နေကြတာကို
ဘယ်လိုမြင်ကြလည်းတော့မသိဘူး
မြင်နေရတာကိုကြည့်ပြီး သနားတာမျိုးလောက်
နဲ့ တော့ မပြည့်စုံသေးဘူး
ဒီလိုလေး ထပ်တွေးလိုက်
တကယ်လို့ ဒုက္ခရောက်နေသူတွေထဲမှာ
ငါတို့ ပါခဲ့မယ်ဆိုရင်
ဘယ်လိုလုပ်ရပါ့မလဲ
ငါတို့ ပိုင်ဆိုင်တဲ့ အိုးအိမ်တွေ မိသားစုတွေ ပစ်ပြီး
ပြေးကြရမယ် ဘယ်လိုလုပ်မလဲ
ဒီလိုပြောလို့  မဖြစ်နိုင်ဘူးဆိုတာမျိုး
မပြောပါနဲ့ 
တကမ္ဘာလုံးမှာသဘာဝဘေးအန္တရယ်တွေ
မျိုးစုံကျရောက်နေတာပါ
ကိုယ်ပျက်စီးမှ သံဝေဂ ယူတက်တာ လူမိုက်
သူများအပျက်ကနေ သံဝေဂယူတက်တာ ပညာရှိ
အဲ ဒီလိုမဖြစ်အောင် အခုကတည်းက
ကာကွယ်ရမယ်
ကိုယ်ကျင့်တရားကောင်းအောင်နေရမယ်
အသားကြီးငါးကြီးမစားနဲ့ 
ရတနာသုံးပါးကို မစော်ကားနဲ့  မမေ့နဲ့ 
အနည်းဆုံးငါးပါးသီလကို လုံခြုံအောင်စောင့်ထိမ်း
သဘာဝဘေးအန္တရယ်ကျရောက်ရင် ကာကွယ်ဖို့ 
ကြိုးစားတာထက် ခုလိုကာကွယ်တာက
ပိုထိရောက်တယ်
ဖြစ်လာမှ
ဘုရား ဘုရား
အရဟံ အရဟံ
သံဗုဒ္ဓေ သံဗုဒ္ဓေ
လုပ်နေလို့ မရဘူး
ကာကွယ်ဖို့ အတွက်အစောကြီးကတည်းက
ဘုရားတရားအလုပ်ကို ပိုမိုလုပ်ဆောင်ထားရမယ်
ဖြစ်လာမှ ဂုဏ်တော်ပွားတာတောင်မရဘူးဆိုပြီး
ဘုရား တရားတော်တွေကို
မယုံကြည်လို့ ကတော့ မိစ္ဆာဒိဋ္ဌိပါ ထပ်ဖြစ်ပြီး
နှစ်ခါရှုံးလိမ့်မယ်
ကာလိင်္ဂတိုင်းပြည်နဲ့  အာသင်္ဂ တိုင်းပြည်နှစ်ပြည်
မှာ ငါးပါးသီလလုံခြုံတဲ့တိုင်းပြည်က ကပ်ဘေးက
လွတ်ပြီး ငါးပါးသီလမလုံခြုံတဲ့တိုင်းပြည်က ကပ်
ဘေးဆိုက်တယ်
ဖြစ်ချင်တိုင်းဖြစ်နေတာမဟုတ်ဘူး
လူတွေရဲ့ကိုယ်ကျင့်တရားအလိုက်သဘာဝတရား
က ဖြစ်ပေးနေတာ
ဒါကို သဘောပေါက်ကြရမယ်
နှစ်ခါမရှုံးပါစေနဲ့ 
-----------------------------------
မှတ်ချက်
ဒီပို့ စ်က မြန်မာနိုင်ငံ မှာ ရေမကြီးခင်က
ရေးထားတဲ့ပို့ စ်ပါ
အခု ပြောနေတဲ့ကြားက ဖြစ်သွားပြီ
နောက်ထပ်အများကြီးကျန်သေးတယ်
အစစအရာရာ
ဂရုစိုက်နိုင်ကြပါစေ
လူမုန်းတာ ရှောင်လို့ ရတယ်
ကံမုန်းတာ ရှောင်လို့ မရဘူး
ကံမုန်းသူများ မဖြစ်ကြပါသေနဲ့ 
ဦးမြင့်ခိုင်

 

No comments:

Post a Comment